ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

တရုတ် တင်းနစ်မယ်လီနာ စင်စင်နတီ အိုးပင်း တင်းနစ် ဗိုလ်လုပွဲသို့ တက်ရောက်


ပြင်သစ် အိုးပင်း ချန်ပီယံဟောင်း တရုတ် တင်းနစ်မယ် လီနာသည် သြဂုတ် ၁၈ ရက်က ကျင်းပသော စင်စင်နတီ အိုးပင်း ဆီမီးဖိုင်နယ် ပွဲစဉ်တွင် အမေရိကန်မှ ဗီးနပ်စ် ဝီလီယံအား (၇-၅)၊ (၃-၆)၊ (၆-၁) ဖြင့် အနိုင်ရ ရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက် သွားခဲ့ကြောင်း သိရသည်။
တရုတ် တင်းနစ်မယ် လီနာသည် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပသော မွန်ထရီရက် ဗိုလ်လုပွဲ စဉ်တွင် ရှုံးနိမ့်ထား သူဖြစ်ပြီး ယခု ကစားရမည့် ဗိုလ်လုပွဲ တွင်မူ ဂျာမနီမှ အင်ဂျက်လိ ကာဘာ သို့မဟုတ် ချက်သမ္မတ နိုင်ငံမှ ပီထရာ ကေဗစ်တိုဗာနှင့် ယှဉ်ပြိုင် ကစားရ မည်ဖြစ်သည်။
ဗီးနပ်စ်သည် နောက်ကျောတွင် ဒဏ်ရာရ ရှိထားပြီး သူမသည် အမှန်ပင် မကစားနိုင် ခဲ့ကြောင်း၊ မိမိသည် သူမအတွက် အလွန်ပင် စိတ်မကောင်း ဖြစ်မိကြောင်း လီနာက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်ဟု သိရသည်။    
 
from-MWD   

No comments:

Post a Comment