ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

ကုန်ကြမ်းပစ္စည်းရရှိရေး အဓိကကြိုးပမ်းမည့် ယက်ကန်းလုပ်ငန်းရှင်များအသင်း



တရုတ်ပြည်မှတင်သွင်းလာသည့် ကုန်ကြမ်းချည်လုံးများအား ကုန်သည်ကြားခံထားသည့်စနစ် ပပျောက်၍ တိုက်ရိုက်ဝယ် ယူသုံးစွဲ နိုင်သည့်စနစ်သို့ ပြောင်းလဲနိုင်ရန်အတွက် အထည်အလိပ် ယက်ကန်းလုပ်ငန်းရှင်များ အသင်းမှ ဆောင်ရွက်လျက်ရှိကြောင်း သိ ရှိရသည်။

ယက်ကန်းလုပ်ငန်းကို မန္တလေးတိုင်း အမရပူရမြို့နယ်နှင့် အနီးပတ်ဝန်းကျင်ရွာများမှ မိရိုးဖလာ လုပ်ကိုင် လျှက်ရှိပြီး ရွာပေါင်း (၂၀)ဆယ်ခန့် လုပ်ကိုင်လျှက်ရှိသည်။

ယခုဖွဲ့လိုက်သော အဖွဲ့သည် ကုန်ကြမ်းပစ္စည်းရရှိရန်လုပ်ဆောင်မည်ဖြစ်ပြီး ကုန်သည်များမှတဆင့်မတင်သွင်း သည့်အတွက် ဈေးနှုန်း သက်သာပြီး ဈေးကွက်တည်ငြိမ်မှုရှိလာမည် ဖြစ်သည်ဟု အသင်း၏ အတွင်းရေးမှူးက ယခုကဲ့သို့ဆိုသည်။

“လက်ရှိအနေအထားမှာ ၂/၈၀ ဖဲပိုးတွေကို ကုန်သည်တစ်ဦးကို ကြားခံထားပြီး တင်သွင်းနေရတာ၊ အဲဒါကို အသင်းအနေနဲ့ တိုက်ရိုက်ဝယ်ယူနိုင်တဲ့ အနေအထားဖြစ်အောင် လုပ်ချင်တယ် ၊ အဲဒီလို တိုက်ရိုက် ၀ယ်ယူ နိုင်တယ်ဆိုရင် သုံးစွဲသူတွေအပေါ်မှာ ဆယ်ရာခိုင်နှုန်းလောက်သက်သာနိုင်တယ်”ဟု အတွင်းရေးမှူး ဦးစည်သူဟန်က ၎င်း၏အမြင်ကို ပြောကြားခဲ့သည်။

နိုင်ငံတော်မှဖွဲ့စည်းထားသော အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေးဗဟိုအဖွဲ့မှ အကူအညီနှင့် နည်းပညာများ ရယူနိုင်ရန်အတွက် အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်း အား မန္တလေးတိုင်း အမရပူရမြို့နယ်အတွင်းရှိ ဆောင်းဒါး ရက်ကန်းသင်တန်းကျောင်းဝင်းအတွင်းတွင် ဖွဲ့စည်းထားသည်။

အဆိုပါအသင်းတွင် ရက်ကန်းလုပ်ငန်းရှင်များ အထည်အလိပ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များနှင့် ကုန်ကြမ်းပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်များအပါဝင် အမှုဆောင်အဖွဲ့အားဖွဲ့စည်းခဲ့ပြီး နာယက (၅)ဦးနှင့် အလုပ်အမှုဆောင် (၂၁)ဦးပါဝင်သည်။

‘’နိုင်ငံတော်က အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးဗဟိုအဖွဲ့ဆိုတာ ဖွဲ့စည်းထားတယ် ၊ အဲ့ဒီ ဗဟိုအဖွဲ့အစည်း ကနေ နည်းပညာနဲ့ ငွေကြေးအကူအညီပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက် တွေ ရှိတယ်။ အဲဒီကမ်းလှမ်းချက်တွေနဲ့ အကူအညီတွေကို ရယူဖို့ဆိုတာက ဒီမှာစနစ်တကျ အဖွဲ့ အစည်းဖွဲ့စည်းထားမှ အဆင်ပြေမှာပါ”ဟု ဒုဥက္ကဌ ဦးသန်းမြင့်ကပြောသည်။

အဖွဲ့ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ရက်ကန်းလုပ်ငန်းရှင်များလိုအပ်သော ကုန်ကြမ်းများဖြစ်သည့် ၂/၈၀ ချည်ချော၊ ဖဲပိုး ၊ ပိုး ၊ ဆိုးဆေးအမျိုးမျိုးတို့ကို ပြည်ပစက်ရုံများနှင့်တိုက်ရိုက်စာချုပ်ချုပ် ၀ယ်ယူ တင်သွင်းခွင့် ရရှိရေးနှင့် ၀ယ်ယူတင်သွင်းသော ကုန် ကြမ်း များအပေါ်ကောက်ခံသော တင်သွင်းခွန် များကို လက်ရှိနှုံးထားများ ထက် လျော့ပေါ့တင်သွင်းခွင့်ပြုနိုင်ရေးအပါအ၀င် ရည်ရွယ်ချက်(၅)ချက် ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

အမရပူရရှိ စက်မှုလက်မှုဘဏ်နှင့်အစိုးရဘဏ်များတွင် ငွေချေးနိုင်သော်လည်း အဆိုပါဘဏ်များတွင် အပေါင်အနေဖြင့် တိုက်တာ အဆောက်အဦးများသာ ထားရှိခွင့်ရှိသောကြောင့် ယက်ကန်းသမားများ အတွက် အဆင်မပြေဖြစ်ရကြောင်းသိရပြီး ယခုဖွဲ့လိုက် သည့် အထည်အလိပ်ရက်ကန်းလုပ်ငန်းရှင်များအသင်းမှ နေ၍ သက်ဆိုင်ရာသို့ တင်ပြပြီးအကူအညီများ တောင်းခံမည်ဖြစ်ကြောင်း ကိုလည်း သိရသည်။

“ပုံမှန်အားဖြင့်တော့ အမရပူရမြို့မှာ စက်မှုလက်မှုဘဏ်တို့ နိုင်ငံတော်ဘဏ်တို့ကနေ ငွေချေးတယ် ၊ ငွေချေးတဲ့အခါမှ အပေါင် ခံပစ္စည်းကို တိုက်တာအဆောက်အဦးကို ထားတင်ရတယ် ၊ ဒါပေမဲ့ ဒီမှာ ရက်ကန်း လုပ်ငန်းဖွံ့ဖြိုးနေတာက မြို့ပေါ်မှာမဟုတ်ဘူး ကျေးရွာတွေမှာ သွားဖွံ့ဖြိုးနေတယ်´´ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။


from : မြစ်မခ

No comments:

Post a Comment