ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

ဗီယက်နမ်မြောက်ပိုင်းနှင့်  အလယ်ပိုင်း၌ ရေကြီး..အိမ်ခြေ ၃၅ဝဝ နစ်မြုပ်




(ဟနွိုင်း စက်တင်ဘာ ၉) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များ၌ မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၆ ဦး သေဆုံးပြီး အခြား ၃၈ ဦး ဒဏ်ရာရရှိသွားခဲ့ ကြောင်း ဗီယက်နမ်ကယ်ဆယ်ရေးနှင့်ရှာဖွေရေး အမျိုးသားကော်မတီက စက်တင်ဘာ ၉ ရက်တွင် ပြောကြားသည်။အဆိုပါရေလွှမ်းမှုကြောင့် နေအိမ် ၃၅ဝဝ နှင့်သီးနှံစိုက်ခင်း ဟက်တာ ၂၂ဝဝဝ ကျော်နစ်မြုပ်သွားခဲ့ကြောင်း၊ ဟာတင့်ခ်ျနှင့် ငေးအန်ပြည်နယ်နှစ်ခုမှာ ဆိုးရွားကြောင်း ၄င်းတို့ကပြောကြားသည်။ယင်းရေကြီးမှုသည် ကန့်ခ်ျဟိုယာမှ ငေးအန်ပြည်နယ်အထိရှိသောမြစ် ကမ်းတစ်လျှောက်မြစ်ရေများလျှံတက်မှုကြောင့်ဖြစ်ကြောင်း၊ မြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်းဒေသများ
 မြစ်ရေကျသွားပြီဖြစ်သော်လည်း အချို့နေရာများ၌ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း ဗီယက်နမ် မိုးလေဝသဌာနက ပြောကြားသည်။အဆိုပါ ရေကြီးမှုကြောင့် ဒေသတာဝန်ရှိသူများက ပြည်သူ ၁၄ဝဝဝ ကျော်အားဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု ဆိုသည်။ (အမ်အင်န်အေ၊ဆင်ဟွာ)
 

No comments:

Post a Comment