ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

အိန္ဒိယက သေဒဏ်ပေးတဲ့ စီရင်ချက်အပေါ် အငြင်းအခုံ



၂၀၀၈ ခုနှစ် မွမ်ဘိုင်း အကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပါကစ္စတန်က သေနတ်သမား အာဂျီမာ အမယ် ခါဆပ် ကို သေဒဏ်စီရင်ဖို့ အိန္ဒိယရဲ့ အမြင့်ဆုံးတရားရုံးက အတည်ပြုလိုက်ပါတယ်။ လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကို ကျူးလွန်ခဲ့တဲ့ သေနတ်သမား ၁၀ ယောက်ထဲမှာ ခါဆပ်တယောက်ပဲ အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်တုန်းကတော့ သူ့ကို စွဲချက်ပေါင်း ၈၀ ကျော်နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူ ကျူးလွန်တယ်ဆိုတဲ့အမှုတွေထဲမှာ ဒုစရိုက်မှုကျူးလွန်ဖို့ ကြံစည်မှု၊
အစုလိုက်အပြုံလိုက်တိုက်ခိုက်မှု၊ အိန္ဒိယကို စစ်ရေးတိုက်ခိုက်မှုဆိုတဲ့ စွပ်စွဲချက်တွေ ပါဝင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသားအများစုကတော့ သူ့ကို ကြိုးပေးကွပ်မျက်တာကို မြင်ချင်နေကြ ပါတယ်။
ဒါပေမယ့် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အိန္ဒိယမှာ သေဒဏ်ဆက်ရှိသင့် မရှိသင့်အပေါ် အငြင်းပွားလာကြပြန်ပါတယ်။ အေရှားကောလင်း သတင်းထောက် ဘစ္စမေလာ ဂီလနီရဲ့ သတင်းဆောင်းပါးမှာ နားဆင်နိုင်ပါတယ်။
from-DVB

No comments:

Post a Comment