ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

Facebook သုံးသူများ သတိပြုရန်




Sophos' Naked Security ကုမ္ပဏီ၏ သတိပေးချက်အရ Facebook မှ ပေးပို့သော အီးမေးလ်အတုအယောင် ဖန်တီးပေးပို့မှုများ ရှိနေကြောင်း သိရသည်။ မိမိ၏ Facebook သူငယ်ချင်းတစ်ဦးဦးက မိမိပါဝင်သော ဓာတ်ပုံသစ်တစ်ပုံကို အယ်လ်ဘမ်တွင် ထည့်သွင်းလိုက်ကြောင်း ရေးသားထားပြီး အဆိုပါဓာတ်ပုံအား ကြည့်ရှုရန် "View photo with you in the attachment" ဟူသည့် tab တစ်ခုပါရှိမည် ဖြစ်သည်။ 

သို့သော် အဆိုပါ attachment တွင် အမှန်တစ်ကယ်အားဖြင့် ကွန်ပျူတာစနစ်အား တိုက်ခိုက်နိုင်သည့် Trojan Horse ဗိုင်းရပ်စ်အမျိုးအစား ပါဝင်လာပြီး မိမိ၏ ကွန်ပျူတာသို့ ကူးစက်ဝင်ရောက်သွားနိုင်ကြောင်း Naked Security က သတိပေးထားသည်။ 


Facebook မှ ပေးပို့သော အီးမေးလ်အတုအယောင်ပုံစံတွင် အောက်ဖော်ပြပါစာသားများ ပါဝင်ပြီး ပုံတွင်ဖော်ပြထားပါသည်။

Greetings,
One of Your Friends added a new photo with you to the album.
You are receiving this email because you’ve been listed as a close friend.
[View photo with you in the attachment]


From. Myanmar Express

No comments:

Post a Comment