ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

နီကာရာဂွာ၌ မီးတောင်ပေါက်ကွဲ...ဒေသခံ၃ဝဝဝခန့်  ကယ်ဆယ်ပေးခဲ့ ရ


မင်နာဂွာ စက်တင်ဘာ ၉နီကာရာဂွာနိုင်ငံရှိ စန်ခရစ္စတိုဘယ်မီးတောင်ကြီးသည် စက်တင်ဘာ၈ ရက်က ပေါက်ကွဲပြီး ပြာနှင့်မီးခိုးများပန်းထွက်မှုကြောင့် အဆိုပါ ဒေသခံပြည်သူ ၃ဝဝဝ ခန့်ကို ကယ်ဆယ်ရေးများဆောင်ရွက်ပေးခဲ့ရကြောင်း နီကာရာဂွာ အစိုးရက ပြောကြားသည်။အဆိုပါ မီးတောင်ပေါက် ကွဲမှုကြောင့် ယင်းဒေသတွင်းရှိ လူနေရပ်ကွက် များမှဒေသခံများအား ၄င်းတို့၏ နေရပ်မှထွက်ခွာရန် အစိုးရက ထုတ်ပြန်ထား ပြီး မြို့တော် မင်နာဂွာ၏ အနောက်မြောက်ဘက်ရှိ ဒေသများသို့ အစိုးရ တပ်ဖွဲ့ဝင်များကို စေလွှတ်ထားသည်ဟုဆိုသည်။၎င်းမီးတောင်ကြီးသည် စက်တင်ဘာ ၈ရက် နံနက်ပိုင်းက စတင်ပေါက်ကွဲခဲ့ပြီးအချိန်တိုအတွင်းမှာ ပင်ပြင်းထန်သော ပေါက်ကွဲမှုများဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။ မီးခိုးများပိုမို ပန်းထွက်လာပြီး မကြာခဏပေါက်ကွဲမှုဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြောင်း အာဏာပိုင်များက ဆက်လက်ပြောကြားသည်။ နောက်ဆုံးတွင် လူပေါင်း ၂ဝဝဝဝခန့်  ဘေးဒုက္ခကြုံတွေ့ နိုင်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ဂိုဆာရီယိုမူရီလိုက ပြောကြားသည်။
from (ဆင်ဟွာ)

No comments:

Post a Comment