ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

မွေးနေ့မှာ အိမ်ကို ဘုန်းကြီးပင့်ပြီး ဝါဆိုသင်္ကန်း ကပ်လှူဖြစ်ခဲ့တဲ့ နဝရတ်




နဝရတ် က စက်တင်ဘာ ၆ ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့မှာ တော့ အိမ်မှာပဲ ဘုန်းကြီးပင့်ပြီး ဝါဆိုသင်္ကန်း ကပ်လှူခဲ့ပြီး ညနေမှာတော့ ရင်းနှီးတဲ့ မိတ်ဆွေ၊ သူငယ် ချင်းတွေ ကိုပဲ မုန့်ကျွေးဖြစ်ခဲ့ပါတယ်။ ” မနက် ကတည်းက သူငယ်ချင်းတွေ က Birthday Wish ကို မက်ဆေ့ခ်ျတွေ ပို့ကြတယ်။ အိပ်ရာနိုး မှ ကိုယ်လည်း သိတာ။ မွေးနေ့ လက်ဆောင်က လည်း ကိတ်မုန့်တွေ ယူလာတာတွေကို ပေးကြတာတွေ ရှိတယ်။ ညကျ တော့ တအား ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့ ပဲလုပ်ဖြစ်တယ်။ ပွဲကြီး တော့ မလုပ် ဖြစ်ဘူး။ ပွဲကြီး လုပ်ရင် တာဝန်ကြီး တယ်လေ။ ကိုယ်က ဧည့်ခံ ရတာထက် ဒီအတိုင်း ပဲကြိုက်တယ်။ မွေးနေ့  မနက်မှာ အမေ ကလည်း ပြင်ဦးလွင်က မိုးကုတ် ဘုန်း ကြီးကျောင်း မှာ မွေးနေ့  အတွက် ဆွမ်းကပ်ပေး တယ်။ ဒီနှစ်က ကားရိုက်တွေ ဆက်နေ တော့ အရင်နှစ် ကလို အလှူကြီး မလုပ်ဖြစ်တော့ ဘူးပေါ့။ ရုပ်ရှင် ကားကြီး ကလည်း ရုံတင်နေတော့ အလုပ်တွေ များနေကြတာလေ” လို့ပြောပြပါတယ်။ နဝရတ် က မွေးနေ့အပြီးမှာ ပြင်ဦးလွင်က အမေ့ဆီသွားရင်း ခဏ အပန်းဖြေပြီး ဇာတ်ကား ရိုက်ကူးဖြစ်မယ်လို့ ပြောပြ ခဲ့ပါတယ်။
from-popular

No comments:

Post a Comment