ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

သမ္မတကြီး ထောက်ခံ ဆန္ဒ ဖော်ထုတ်ပွဲ ကလေးမြို့တွင် ကျင်းပမည်

မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တရားဝင် ခွင့်ပြု လိုက်သဖြင့် ရခိုင်ပဋိပက္ခနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်၏ သဘောထားများ ကို ထောက်ခံသည့် ဆန္ဒ ထုတ်ဖော်ပွဲ ကလေးမြို့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း ထောက်ခံ ဆန္ဒပြပွဲကို ဦးဆောင် ပြုလုပ်သူ ၈၈ ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်း ဦးမိုက်ကယ်ဝင်းကျော်က ပြောကြားသည်။
“ ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးနဲ့ အဖွဲ့ကို သမ္မတကြီး ပြောခဲ့တဲ့ သဘောထားတွေ၊ အဆိုတွေကို ထောက်ခံတဲ့ အနေနဲ့ ဒီဆန္ဒ ထုတ်ဖော်ပွဲကို ပြုလုပ်ကြမှာပါ။ ပွဲမှာ ခွင့်ပြုလိုက်တဲ့ အကြောင်းအရာ တွေက သမ္မတကြီးရဲ့ အဆိုကို ထောက်ခံပါကြောင်းနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေဟာ မြန်မာ့ တိုင်းရင်းသား မျိုးနွယ်(၁၃၅)မျိုးမှာ မပါဝင်ဘူး ဆိုတာရယ်၊ အမိ မြန်မာ
ပြည်ကို ကာကွယ်ကြဖို့ ဆိုတာရယ်ကို အဓိက ထားပြီး ဆန္ဒထုတ်ဖော် သွားကြမှာပါ ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဆန္ဒ ထုတ်ဖော်ပွဲကို မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့် လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၅ အရ ( အမှတ်စဉ်၊ ၁/၂၀၁၂)၊ စာအမှတ် ၊ ၁၀၀၂  ( ၆ )/ ၁၀၃/ ဦး ဖြင့် စက်တင်ဘာလ ၁၀ ရက် နေ့က ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။
 ယင်း ဆန္ဒ ဖော်ထုတ်ပွဲကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကလေးမြို့၊ မင်္ဂလာဥယျာဉ် ရပ်ကွက်၊ မင်္ဂလာဥယျာဉ် ကျောင်းတိုက်တွင် နံနက် ၁၁ မှ နေ့လယ် ၁၂ နာရီ အထိ စုဝေး ကြမည်ဖြစ်ပြီး စီတန်း လှည့်လည်မည့် အချိန်မှာ နေ့လယ် ၁၂ နာရီမှ ညနေ၃နာရီ အထိ ဖြစ်ကြောင်း လမ်းကြောင်းမှာ မင်္ဂလာ ဥယျာဉ် ကျောင်းလမ်း-ကလေးဝလမ်း(တောင်ဘက်သို့)-ပင်လုံ လမ်းမတော်- စံပြလမ်း- ဗိုလ်ချုပ်လမ်း- လမ်းဆုံပတ်၍ ကလေးဝလမ်း (မြောက်ဘက်သို့)- မင်္ဂလာ ဥယျာဉ် ကျောင်းရှေ့ တွင် ပြီးဆုံးမည် ဖြစ်ကြောင်း ဦးမိုက်ကယ်ဝင်းကျော်က ရှင်းပြသည်။
“ကျွန်တော်တို့ တင်ပြတဲ့ အကြောင်းအရာတွေက များလွန်း နေတယ်ဆိုပြီး မြို့နယ် ရဲမှူးက ထပ်တင် ခိုင်း တယ်။ ဒီကနေ့တော့ ခွင့်ပြုမိန့် ချပေးလိုက်တယ်။ ဆန္ဒ ထုတ်ဖော်မယ့် လမ်းကြောင်းလည်း ချုံ့ပေးရတယ်။ နောက် ဟောပြောမယ့် သူတွေလည်း လျှော့ပေးရတယ်။ နောက်ပြီး သမ္မတကြီးလို့ပဲ သုံးရမယ်  ဦးသိန်းစိန် လို့ သုံးခွင့် မပေးဘူး။ ကွင်တားနားကိုလည်း နာမည် မသုံးရဘူးလို့ ပြောတယ်။ဓာတ်ပုံတွေပဲ အသုံးပြုခွင့်ပေး တယ်။ ဆန္ဒပြမယ့် လူဦးရေ(၂၀၀) တင်တာကိုလည်း (၁၀၀)ပဲ ခွင့်ပြုတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲ ဖြစ်မြောက်
ရေး ဆောင်ရွက်နေသော အထက် ချင်းတွင်းဒေသ လူငယ်ကွန်ရက်မှ အဖွဲ့ဝင် တစ်ဦးက ပြောပြသည်။
အဆိုပါ နေ့တွင် ဟောပြောကြမည့် သူများမှာ ဦးမိုက်ကယ်ဝင်းကျော်၊ ဦးကျော်သူစိုး၊ ဒေါ်နီနီမွှေး တို့ဖြစ်
ကြောင်း ၎င်းတို့ ထံမှ သိရသည်။

from - The Voice Daily Newsletter

No comments:

Post a Comment