ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

ဗကသများအဖွဲ့ချုပ် မုံရွာခရိုင်ကျောင်းသားများနှင့် မန္တလေးကျောင်းသားများ မုံရွာတွင် ဦးဆောင်


 
ယနေ့ ၁၂.၉.၂၀၁၂ ရက်နေထိ ကျန်ရှိနေသေးသော မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေး ဆနပ္ဒြ လှုပ်ရှားသူ (၃) ဦးအားပြန်လည် လွှတ်ပေးရေးနှင့် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းရပ်တန့်ရေးအတွက် ဗကသများအဖွဲ့ချုပ် မုံရွာခရိုင်ကျောင်းသားများသမဂ္ဂနှင့် အထက်ဗမာပြည် မန္တလေး ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများ ဦးဆောင်၍ မုံရွာမြို့ခံများ၊ လယ်သမားများ အင်အား (၅၀၀၀) လောက်ဖြင့် ဆက်လက်တိုက်ပွဲဝင်နေကြပြီး။ ကျန် ခရိုင်မြို့နယ် အလိုက် ဗကသများ အဖွဲ့ချုပ် ကျောင်းသားများ အမြန်ဆုံး လာရောက်ပူပေါင်းရန် ဗကသများအဖွဲ့ချုပ်
မုံရွာခရိုင်ကျောင်းသားများသမဂ္ဂမှ နှိုးဆော်လိုက်သည်။ ဆန္ဒပြတောင်းဆိုရာတွင် ပါဝင်ကြသော လယ်သမားများ၊ ကျောင်းသားများ တည်ခိုရာ မုံရွာမြို့ မြို့မဂါတ်ကျောင်းအတွင်း နေထိုင်သည့် လယ်သမားများအား ယနေ့မွန်းလွဲ ၂နာရီ နောက်ဆုံးထားပြီး ကျောင်းမှ ထွက်ခွာပေးရန် မြို့နယ်အာဏာပိုင်များက ဖိအားပေးချိမ်းခြောက်ခဲ့ပြီး လုံခြုံရေးအင်းအားသုံး၍ ကျောင်းသို့ ဝိုင်းထားခဲ့ကြသည်။
မုံရွာခရိုင် ဗကသ၊ မန္တလေး ဗကသများ ဦးဆောင်တိုက်ပွဲဝင်

မြို့မကျောင်းဝင်းအပြင်ဘက်တွင် လုံခြုံရေးများ ဝိုင်းထားစဉ်
ဓါတ်ပုံများကို OpenSociety Monywa နှင့် Freedom News Group(Burma တို့မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment