ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

စီမံကိန်း အလွယ် တကူ ရပ် ဆိုင်း ၍ မရသောကြောင့် မြို့  ရွာကို အေးအေးဆေးဆေး ပြန်စေချင်


ဓါတ်ပုံ - ဂျေပိုင် via Kyaw Swar Myint
12September 2012
မုံရွာမြို့ခံများကို စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြန်လည်ပြောပြနေသည့် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို ဂျင်မီကို မုံရွာမြို့လည်
တွင်တွေ့ရစဉ်။
“လက်ပံတောင်းစီမံကိန်းသည် အလွယ်တကူရပ်ဆိုင်းရန် မလွယ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်မဟုတ်ဘဲ နိုင်ငံတော်အဆင့်အနေဖြင့် ဖြေရှင်းဆောင်ရွက်ရမည့် ကိစ္စဖြစ်ကြောင်း၊ မိဘပြည်သူများအနေဖြင့် အပြုသဘောဖြင့်သာ ပြုမူဆောင်ရွက်စေချင်ကြောင်း၊ ရွာသူရွာသားများအနေဖြင့် မိမိတို့ရွာကို အေးအေးဆေးဆေး
ပြန်စေချင်ကြောင်းဖြင့် ကိုဂျင်မီက ပြောကြားသွားပါသည်။
—  —-    —-
ကျောင်းသား ခေါင်းဆောင် ကိုမိုးသီးဇွန် မုံရွာ ၊ ဆားလင်းကြီး နယ်ဘက် မှ
ပြည်သူ များ ၏ လယ်ယာမြေ ပြန်လည် ရရှိ ရေး ၊ ကြေးနီစီမံကိန်း ဖျက်သိမ်း
ရေး ၊ ဖမ်းဆီး ထားသူများ ပြန်လည် လွတ်မြောက်ရေး အတွက်ဘ ဦးဆောင် မှု ပေး ရန် မုံရွာ မြို့ နှင့် ဆာ လင်း ကြီး မြို့ သို့ လာ မည် ဟု သတင်း ရ
ရှိသည်။
—    —    —-
မုံရွာ ဆန္ဒပြ မှု တွင် ဖမ်းဆီး ခံ ထား ရသူ များ ၊ ပိတ်ဆို့ ခံထား ရသူ များ အတွက် ရဲတပ်ဖွဲ့မှူး ကြူအင်းနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့  ချုပ် ၏ ပုလဲ
မြို့ နယ် လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင် တို့  ဆွေးနွေး သော်လည်း
ထူးခြား မှု မရှိ ဟု သိရသည်။

No comments:

Post a Comment