ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

KIA နဲ့ လွယ်ဂျယ်နား တိုက်ပွဲဖြစ်


ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ စက်တင်ဘာ ၁၂ရက်နေ့မနက်ကကချင်ပြည်နယ် ဗန်းမော် လွယ်ဂျယ်လမ်း ပန်ရှန် ရွာနားမှာ ကေအိုင်အေနဲ့ အစိုးရတပ် ပြင်းပြင်းထန်ထန် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။

 12September 2012   ကေအိုင်အေ တပ်မဟာ (၃)တပ်ရင်း (၁) တပ်ဖွဲ့တွေနဲ့ ပန်ရှန်ရွာအနီး အခြေစိုက် စကခ (၂၁) လက်အောက်ခံ ခလရ (၂၃၇) တပ်တွေကြား တိုက်ပွဲမှာ ကေအိုင်အေ ပစ်တဲ့ အာပီဂျီ ကျည် အစိုးရ တပ်ရင်းမှူး အိမ် တိုက်ရိုက်ထိလို့ ထိခိုက် ဒဏ်ရာ ရသလို မိုးမောက် စိန်လုံက စစ်ကူလာတဲ့ အစိုးရ စစ်ကားကို မိုင်းခွဲ ဖျက်ဆီး ခဲ့တယ်လို့ ကေအိုင်အေက ပြောပါတယ်။

အစိုးရဘက်က စစ်တပ်ဖက်မှ အနည်းဆုံး (၂ဝ)ခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဂဏန်း လောက်ရှိတယ် လို့ ကေအိုင်အေက ပြောပါတယ်။
ဗန်းမော် လွယ်ဂျယ်လမ်းပေါ် သွားနေတဲ့ ကုန်ကားတစီး မိုင်းထိခဲ့ပြီး ဆိုင်ကယ် ကယ်ရီ (၂)စီးလဲ ထိမှန်ကာ ဆိုင်ကယ်သမား(၂) ယောက် ဒဏ်ရာ ရပါတယ်။
ယာဉ်သွားလာမှု ရပ်ဆိုင်း ခဲ့ပေမယ့် ညနေ ပိုင်းကစပြီး လမ်း ပြန် ဖွင့်ပေး ခဲ့တာကြောင့် အခု ယာဉ်တွေ ခပ်ကျဲကျဲ ပြန်သွားနေပြီလို့ နောက်ဆုံး သိရပါတယ်။

No comments:

Post a Comment