ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

ဂျပန်ဘဏ္ဍာရေးဝန်ကြီး မိမိကိုယ်မိမိ အဆုံးစီရင်


ဂျပန်ဘဏ္ဍာရေး ဝန်ကြီး တာဒါဟီရို မစ်စူရှီတာသည် ၄င်း၏ နေအိမ်တွင် ကြိုးဆွဲချ သေဆုံးနေသည်ကို စက်တင်ဘာ ၁ဝ ရက် နံနက်က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရ သိရသည်။
မစ်စူရှီတာသည် လက်ရှိ အာဏာရ အစိုးရအဖွဲ့တွင် ပါဝင်သည့် ပြည်သူ့ ပါတီသစ် ပါတီမှ အဖွဲ့ဝင် တစ်ဦး ဖြစ်ပြီး ၄င်းအား ဇွန်လအတွင်းက အသစ်ပြန်လည် ဖွဲ့စည်းလိုက်သည့် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေး ဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
အသက် ၇၃ နှစ်ရှိ မစ်စူရှီတာသည် စာတိုက်စနစ် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ဆိုင်ရာ ဝန်ကြီး အဖြစ်လည်း တာဝန် ထမ်းဆောင် ခဲ့ကြောင်း သိရသည်။
၎င်း၏ သေဆုံးမှုနှင့် စပ်လျဉ်း၍ ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
From : မြဝတီ

No comments:

Post a Comment