ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

၉ ကြိမ် မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကြီးသို့ ပြည်တွင်းမှ စီးပွားရေး လုပ်ငန်းရှင် ၃၅၀ နီးပါး သွားရောက်မည်

၉ကြိမ်မြောက် အဖြစ် ကျင်းပ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည် ပြပွဲကို မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် အယောက် ၃၀၀ မှ ၃၅၀ အထိ
သွားရောက် ပြသမှုများ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ကွမ်းရှိးကျွမ်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ၊ နန့်နင်းမြို့မှာ စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့ အထိ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြား ချက်အရ သိရပါတယ်။

အဆိုပါ ကုန်စည်ပြပွဲ မှာတော့ အဖွဲ့ဝင် နိုင်ငံများ အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ကုန်သွယ်မှု တိုးမြှင့်နိုင်ရေး ပိုမိုခိုင်မာစွာ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံ တစ်ခုကို ဂုဏ်ထူးဆောင် တိုင်းပြည် အဖြစ် ရွေးချယ် သတ်မှတ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ ကိုယ်စား ဦးဆောင်နိုင်ငံ အဖြစ် ရွေးချယ် သတ်မှတ်ခြင်းကို အာဆီယံ နိုင်ငံများထဲမှ အင်္ဂလိပ် အက္ခရာ အစီအစဉ်အရ ဆောင်ရွက်
လျက်ရှိရာ အခုနှစ်မှာ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင် တိုင်းပြည် အဖြစ် ရွေးချယ် ခံရတာ ဖြစ်ပါတယ်။

အဆိုပါ တရုတ်-အာဆီယံ ကုန်စည်ပြပွဲ မှာတော့ အဓိက ခန်းမဆောင်များ အဖြစ် နှစ်လိုဖွယ်ရာ မြို့တော်များ၊ ခန်းမဆောင်၊ ကုန်စည်ဆိုင်ရာ ခန်းမဆောင်၊ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ခန်းမဆောင်၊ အဆင့်မြင့် နည်းပညာ ဆိုင်ရာ ခန်းမဆောင်နဲ့ ကုန်သွယ်ရေး ၀န်ဆောင်မှု ဆိုင်ရာ ခန်းမဆောင်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် အခုနှစ်မှာ မြန်မာနိုင်ငံ အနေနဲ့ အာဆီယံနိုင်ငံများ အားလုံးရဲ့ ကိုယ်စားပြု ဦးဆောင်နိုင်ငံ အဖြစ် မြန်မာ အမျိုးသား ပြခန်းဆောင်ကို မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ များနဲ့အညီ ခေတ်မီ ခမ်းနား ထည်ဝါစွာ ပြသသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကုန်စည်ပြပွဲ မှာတော့ မြန်မာနိုင်ငံမှ ပြခန်းပေါင်း ၈၀ ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြသသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။



From : MRTV4

No comments:

Post a Comment