ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

iPhone 5



Internet Journal, 13September 2012  —-  ဒီဇိုင်းပြင်ဆင်ထားပြီး ၄ လက်မအရွယ် Retina display ပါဝင်ကာ iPhone 4S ထက် ၂၀ ရာခိုင်နှုန်း ပိုမိုပေါ့ပါး သည့် ဆဋ္ဌမမြောက် မျိုးဆက် iPhone 5 ကို Apple ကုမ္ပဏီက တရားဝင် မိတ်ဆက်ကြေညာခဲ့သည်။

iPhone 4S ထက် ၁၈ ရာခိုင်နှုန်း ပိုမိုပါးလွှာသည့် iPhone 5 ၏ အထူသည် ၇.၆ မီလီမီတာ သာရှိပြီး အလေးချိန်မှာ ၁၁၂ ဂရမ်သာရှိသည်။ စမတ်ဖုန်းကို ဖန်ထည်နှင့် အလူမီနီယံတို့ဖြင့် ပြုလုပ်ထားပြီး ခလုတ်အား လုံးမှာ ယခင်နေရာအတိုင်း မပြောင်းလဲဘဲ တပ်ဆင်အသုံးပြု ထားသည်။
iPhone 5 တွင် တပ်ဆင်အသုံးပြုထားသည့် ၄ လက်မအရွယ် Retina display သစ်မှာ 1,136 x 640 pixel resolution နှင့် ဖော်ပြပေးနိုင်ပြီး 16:9 aspect ratio ကို အထောက်အပံ့ပေးထားသည်။ Screen အရွယ်အစား ကြီးမားလာသောကြောင့် ယခင်က icon များကို row လေးခု ဖြင့်ဖော်ပြရာမှ row ငါးခု ဖြင့် ဖော်ပြပေးနိုင်မည် ဖြစ်သည်။ ထို့အပြင် iLife, iWork နှင့် native app များကို Apple မှ အဆင့်မြှင့်တင်မှု ပြုလုပ်ပေးထားပြီး developer များ၏ app များကိုလည်း iPhone 5 screen တွင် အသုံးပြုနိုင်ရန် အတွက် update ပြုလုပ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း Apple မှ ပြောကြားခဲ့သည်။Ultrafast Wireless ဟုခေါ်သည့် 4G LTE ဝန်ဆောင်မှုကို အထောက်အပံ့ပေးထားသည့်အတွက် iPhone 5 ကို အမေရိကန်တွင် Sprint, Verizon Wireless နှင့် AT&T ကွန်ရက်များရှိ LTE ဝန်ဆောင်မှုနှင့် အသုံးပြုနိုင် မည်ဖြစ်သည်။

iPhone 4S တွင် အသုံးပြုထားသည့် A5 ထက် ၂၂ ရာခိုင်နှုန်းထက် ပိုမိုသေးငယ်သည့် A6 ပရိုဆက်ဆာကို iPhone 5 တွင် အသုံးပြုထားသည့်အတွက် ဂရပ်ဖစ်စွမ်းဆောင်ရည်ကို iPhone 4S ထက် နှစ်ဆ ပိုမိုလျင်မြန် သည့်နှုန်းဖြင့် အသုံးပြုနိုင်ပြီး ဥပမာအနေဖြင့် iPhone 5 ပေါ်တွင် iPhoto app ကိုအသုံးပြုပြီး ဓာတ်ပုံသိမ်းဆည်းမှု ပြုလုပ်ရာတွင် iPhone 4S ထက် ၁.၇ ဆ လျင်မြန်သည့်နှုန်းဖြင့် အသုံးပြုနိုင်မည်ဟု သိရသည်။
ဘက်ထရီအနေဖြင့် 3G နှင့် ဖုန်းပြောခြင်းအတွက် ၈ နာရီနှင့် LTE browsing အတွက် ၈ နာရီ အသုံးပြုနိုင်ပြီး standby အနေဖြင့် တစ်ကြိမ်အားသွင်းရုံနှင့် ၂၂၅ နာရီကြာ အသုံးပြုနိုင်မည်ဟု Apple ကုမ္ပဏီမှ ပြောကြား ခဲ့သည်။ကင်မရာပိုင်းအနေနှင့် 8-megapixel sensor, 3,264 x 2,448 resolution တို့ဖြင့် အသုံးပြုနိုင်ပြီး အလင်းနည်း သည့်နေရာများတွင် ရိုက်ကူးသည့်အခါ အလွန်ကောင်းမွန်သည့် ဓာတ်ပုံအရည်အသွေးကို ရရှိနိုင်မည်ဟု သိရသည်။ ဗီဒီယိုရိုက်ကူးရာတွင်လည်း 1080p ဗီဒီယိုနှင့် ရိုက်ကူးနိုင်မည်ဖြစ်ပြီး ဗီဒီယို chatting ပြုလုပ်ခြင်းကိုလည်း Wi-Fi နှင့် ဆယ်လူလာ ကွန်ရက်များပေါ်မှ အသုံးပြုနိုင်မည် ဖြစ်သည်။
Dock connector ကို Lightning ဟုခေါ်သည့် all-digital connector ဖြင့် အစားထိုးအသုံးပြုထားပြီး ၎င်း connector မှာ ယခင် 30-pin connecter ထက် ၈၀ ရာခိုင်နှုန်း သေးငယ်ကြောင်းနှင့် အသုံးပြုရာတွင်လည်း အလွယ်တကူ အသုံးပြုနိုင်မည်ဟု Apple ကုမ္ပဏီမှ ပြောကြားခဲ့သည်။ ထို့အပြင် iPhone 5 ကို 30-pin port ဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည့် adapter သစ်ကိုလည်း Apple မှ မိတ်ဆက်ပေးခဲ့ပြီး ၎င်းကို အမေရိကန်ဒေါ်လာ ၂၉ ဖြင့်ရောင်းချမည်ဟု သိရသည်။
iOS 6 အသုံးပြုထားသည့် iPhone 5 ကို အဖြူရောင်နှင့် အနက်ရောင်တို့ဖြင့် ထုတ်လုပ်ရောင်းချမည်ဖြစ် ပြီး နှစ်နှစ်စာချုပ်တန်ဖိုးမှာ 16GB အတွက် အမေရိကန်ဒေါ်လာ ၁၉၉၊ 32GB အတွက် အမေရိကန်ဒေါ်လာ ၂၉၉ နှင့် 64GB အတွက် အမေရိကန်ဒေါ်လာ ၃၉၉ ကျသင့်မည်ဖြစ်သည်။ iPhone 5 ကို စက်တင်ဘာလ ၁၄ ရက်မှ စတင်ကာ ကြိုတင်မှာယူနိုင်ပြီး စက်တင်ဘာလ ၂၁ ရက်တွင် စတင်ရောင်းချမည်ဟု သိရသည်။
Ref: CNET

No comments:

Post a Comment