
အစိုးရအနေဖြင့် ကျောင်းသူကျောင်းသားများအားနေထထိုင်ရန် အဆောင်ပါဝင်သော တက္ကသိုလ်များ တည်ထောင်ခွင့်ပြုရန်လိုဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက ၂၀၁၂ တက္ကသိုလ်ပညာရေးဥပဒေ(ကြမ်း) ကို ကန့်ကွက် ဆွေးနွေးရာတွင်ထည့်သွင်းပြောကြားသွားခဲ့သည်။
မြန်မာနိုင်ငံတက္ကသိုလ်များကို အစိုးရထိန်းချုပ်သော ဗျူရိုကရေစီယန္တရားပုံစံသွင်းခဲ့သောကြောင့် တစ်ချိန်ကအာရှတိုက်တွင် အောင်မြင်ကျော်ကြားခဲ့သော မြန်မာနိုငငံပညာရေး အဆင့်အတန်းသည် အဆင့်အနိမ့်ဆုံး အခြေအနေရောက်ခဲ့သည်မှာ နှစ်ပေါင်း၅၀ ခန့်ကြာမြင့်ခဲ့ပြီး တက္ကသိုလ်များမှ ပေးအပ်ခဲ့သောဘွဲ့ဒီဂရီများသည် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ အိမ်ဖော်နှင့်အလုပ်ကြမ်းအဆင့် လုပ်ကိုင်ရန် အဆင့်မျှသာရှိကြောင်း ပြောဆိုနေကြတာတွေကိုကြားနေရပါတယ်ဟု သူရဦးအောင်ကိုက ပြောသည်။
No comments:
Post a Comment