ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများလေ့လာသုံးသပ်ရေးအဖွဲ့ထုတ်ပြန်ကြေညာချက်

မြန်မာ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများလေ့လာသုံးသပ်ရေးအဖွဲ့
(The Association of Myanmar’s Political Transformation Observation-
AMPTO)၏
 ထုတ်ပြန်ကြေညာချက်
လန်ဒန်၊ ဇူလိုင် ၃၁ ရက် ၂၀၁၂ ခုနှစ်
          မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်သည် တိုတောင်းသည့်အချိန်ကာလအတွင်း များစွာခရီးရောက်နေသည်ကို တွေ့မြင်ရသည်။ ဒီမိုကရေစီအတွက် ဦးတည်သောအားထုတ်မှုအားလုံးကိုလည်း ဤအဖွဲ့မှ အသိအမှတ်ပြုကြိုဆိုသည်။ ကမ္ဘောဒီးယားနိုင်ငံ “ဆီယမ်ရိ”တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တိုတောင်းသည့်အချိန်အတွင်း ခရီးရောက်အောင် လုပ်ဆောင်နိုင်ခဲ့မှုအတွက် အသိအမှတ်ပြု ပြောကြားခဲ့သည်ကို ဤအဖွဲ့မှ မှတ်တမ်းတင်ထားရှိခဲ့သည်။
          ၂၀၁၂ ခုနှစ် မေလကုန်ပိုင်း ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်အပေါ် မူတည်၍ နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာခြင်းသည် နိုင်ငံအတွက်အန္တရာယ်ရှိသော အရေးကိစ္စတစ်ရပ် ဖြစ်သည်။ ဤအခြေအနေသည် ဒီမိုကရေစီသို့ ခြေလှမ်းစ မြန်မာအစိုးရသစ်အတွက် စိန်ခေါ်မှုထက်ပိုသော စမ်းသပ်မှု တစ်ခုဖြစ်ဖွယ်ရှိနေသည်။
          ၎င်းကိစ္စများ၏အခြေခံအကြောင်းအရင်းကို ဤအဖွဲ့မှလေ့လာရာတွင် မြန်မာနိုင်ငံ၏အနောက်ဘက်ဒေသ ရခိုင်ပြည်နယ်သို့ ဆူနာမီလှိုင်းလုံးများသဖွယ် တစ်လိမ့်လိမ့်ဝင်ရောက်နေထိုင်လျက်ရှိကြသော ဘင်္ဂါလီများ၏  ရိုဟင်ဂျာပြည်နယ်ရရှိရေး အကြံအစည်ဖြင့် ကြိုတင်စီမံဆောင်ရွက်ခဲ့မှုများ၊ သမိုင်းကြောင်းအမှန်များကို ပြည်တွင်းပြည်ပနယ်ပယ်များသို့ ကျယ်ပြန့်စွာဖော်ထုတ်တင်ပြနိုင်မှု အားနည်းခြင်းများ၊ ပြည်တွင်း ပြည်ပသတင်း၊ စာနယ်ဇင်းအချို့၏ အမှန်အမှားရောပြွန်းနေသော ဖော်ပြချက်များသည်၊
ဤပြဿနာ၏ မူလဇစ်မြစ်များဖြစ်ကြောင်း တွေ့ရှိရသည်။ လက်ရှိအခြေအနေတွင် ဧည့်သည် လူအများစုဘင်္ဂါလီများသည် လူနည်းစုတိုင်းရင်းသားလူမျိုး အိမ်ရှင်များအား အိမ်ပေါ်မှမောင်းချရန် ကြိုးစားနေသည်ဟု ဤအဖွဲ့မှ မှတ်ယူသည်။
          သမ္မတသည် UNHCR မဟာမင်းကြီး Mr. Antonio Guterres နှင့် တွေ့ဆုံ၍ မိမိတိုင်းရင်းသားများကို တာဝန်ယူမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကိုလက်ခံရန် မည်သို့မျှမဖြစ်နိုင် ကြောင်း၊ မြန်မာနိုင်ငံ၏ မူဝါဒသဘောထားကို ပြောကြားခဲ့သည်။ နိုင်ငံသားမှန်ကန်ခြင်းမရှိပါက မည်သို့မျှလက်ခံ၍ မရနိုင်သည်ကို AMPTO မှ ပြတ်သားစွာထောက်ခံလိုသည်။
          ယင်းသဘောထားအပေါ် ပြည်တွင်းပြည်ပနိုင်ငံတကာနယ်ပယ်မှ တုန့်ပြန်မှုမျိုးစုံပဲ့တင်ထပ်လာခဲ့သည်။ ပြည်ပရောက်မြန်မာလူမျိုးများက ထောက်ခံကြောင်း လှစ်ဟကြသကဲ့သို့ ဒီမိုကရေစီအစိုးရအား ဆန့်ကျင်ဆဲ ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်းများ၊ အခြေအနေမှန်ကိုမသိသောအဖွဲ့များမှ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်လာခဲ့သည်။ သဘောထားတင်းမာသည့် Islamic Defenders Front(IDF)နှင့် Jemaah Anshorut Tauhid(JAT) ကဲ့သို့သောအဖွဲ့များမှ “FPI is ready to wage jihad’’ ဟုဟစ်ကြွေးသံများကိုလည်း ကြားသိရသည်။ ပါကစ္စတန်ရှိ တာလီဘန်အစွန်းရောက်အဖွဲ့ဖြစ်သော Tehreek-e-Taliban Pakistan(TTP)မှ မြန်မာနိုင်ငံ၏ လုပ်ဆောင်မှုအပေါ် လက်စားချေတိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဓိကပစ်မှတ်များ အဖြစ် ဒေါ်စုကြည်၏နေအိမ်အပါအ၀င် အထင်ကရနေရာများကိုသတ်မှတ်ခဲ့ကြောင်းနှင့် ပါကစ္စတန်အစိုးရအား မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးဖြတ်တောက်ရန် ဖိအားပေးသည့် တောင်းဆိုခြင်းများပါဝင်သော ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။ အလားတူ ထိုင်းအခြေစိုက် အစ္စလာမ်မစ်အစွန်းရောက်များကလည်း ယင်းသဘောထားအတိုင်း ကြေညာခဲ့ကြသည်။
          တရားဝင်ဖော်ပြသော အစိုးရသတင်းများအရ ဖြစ်စဉ်များအားလုံးတွင် သေဆုံးသူ ၇၇ ဦးသာရှိခဲ့သည်။ ရခိုင်ပြည်နယ်သို့ ကွင်းဆင်းသတင်းရယူခဲ့သည့် AMPTO ကိုယ်စားလှယ်၏ လေ့လာချက်အရ အစိုးရ၏ အချက်အလက်များမှန်ကန်ကြောင်း၊ ပျက်စီးမှုများအား အစိုးရနယ်စပ်ရေးရာမှ အပူတပြင်းဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒုက္ခရောက်နေသူ မည်သူ့အတွက်မဆို ထောက်ပံ့မှုများကို ညီမျှစွာပေးပို့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
          AMPTO သည် ပြည်တွင်းသတင်းဂျာနယ်များနှင့် အစ္စလာမ်Websiteများကို အထူးပြုလေ့လာခဲ့သည်။ ဆူနာမီကြောင့်သေဆုံးရသည့် တောင်ပုံရာပုံဖြစ်နေသော အလောင်းပုံများကို နောက်ခံထား၍ ရခိုင်ပြည်နယ်မှာ ဖြစ်သည်ဟု ဖော်ပြခြင်းသည် မီဒီယာကျင့်ဝတ်များကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ ယင်းအခြေအနေများကြောင့် ရခိုင်ဒေသဖြစ်စဉ်များတွင် အစ္စလာမ်ဘာသာဝင် နှစ်သောင်းခန့် သေဆုံးကြောင်း OIC နှင့် အာရပ်ကမ္ဘာ၏ ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာသည်ဟု AMPTO မှ ယူဆသည်။
          အစိုးရမှဆောင်ရွက်နေသည်များကို ပြည်တွင်း၊ ပြည်ပသတင်းဂျာနယ်များ မည်သည့်အတွက်ကြောင့် မျက်စိမှိတ်နေသနည်းဟု မိမိတို့အဖွဲ့မှလေ့လာခဲ့သည်။ အသေးစိတ်အချက်အလက်များ စုစည်းလျက်ရှိပြီး ခိုင်မာအောင်တည်ဆောက်၍ ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်သည်။ ရေကြည်ရာ၊ မြက်နုရာသို့ ခိုဝင်လာသူများ အနေဖြင့်လည်း မြန်မာနိုင်ငံမှာနေ မြန်မာနိုင်ငံ၏ရေကိုသောက် မြန်မာ့မြေပေါ်ပေါက်သည့် ဆန်ကိုစားပြီးနောက် ကျေးဇူးဖောက်ဖျက်ပါက နိုင်ငံတကာစောင့်ရှောက်မှုများနှင့် အလှမ်းဝေးပါလိမ့်မည်။
          AMPTO သည် ကမ္ဘာ့နေရာဒေသအသီးသီး တည်ငြိမ်အေးချမ်းမှုကိုအထူးလိုလားသည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အဖက်ဖက်မှလေ့လာသုံးသပ်ပြီး AMPTO ၏ အမြင်ကို အောက်ပါအတိုင်း ထုတ်ပြန်ပါသည်-
1.    မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီအရေးကိစ္စတွင် ဒေသတွင်းရှိ တိုင်းရင်းသားအများစုသာ ထိခိုက် ဆုံးရှုံးရခြင်းဖြစ်သော်လည်း သတင်းမှားများ၊ ချဲ့ကားသတင်းများဖော်ပြခြင်းတို့ကြောင့် အစ္စလာမ်နိုင်ငံ များနှင့် အစ္စလာမ်မစ်အဖွဲ့များအတွက် နားလည်မှုလွဲမှားစေကာ မှားယွင်းသည့်တုန့်ပြန်မှုများကို ဖြစ်ပွားစေခဲ့သည်။
2.    NGO အဖွဲ့အစည်းများ ဖြစ်စဉ်နေရာသို့ ရောက်ရှိပါသော်လည်း ရံပုံငွေမျက်နှာကိုသာကြည့်၍ ရိုဟင်ဂျာ တို့ကို နစ်နာသူအဖြစ်သာ ကမ္ဘာသို့သိစေခဲ့သည်။
3.    ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရခိုင်ဒေသသို့ ကိုယ်တိုင်သွားရောက်လေ့လာပြီး အခြေအနေမှန်ကို ဖော်ထုတ်ဆောင်ရွက်သင့်ပါလျက် ရေငုံနှုတ်ပိတ်နေခြင်းသည် စဉ်းစားဖွယ်(သံသယဖြစ်ဖွယ်)ဖြစ်သည်။ သက်ရောက်မှုအနေဖြင့် အစွန်းရောက်အဖွဲ့တို့၏ပစ်မှတ်တွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာခဲ့ သည်ဟု ယူဆရသည်။
4.    ဆူပူမှုများဖြစ်ပွားစဉ် အနီးကပ်ဆုံးထိန်းသိမ်းဆောင်ရွက်ပေးခဲ့သည့် စစ်တပ်၊ ရဲ စသည့် အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များသည် မိမိတို့၏ တွေ့ကြုံရသောအမှန်တရားများကို ကိုယ်ပိုင်မီဒီယာများဖြင့် ကမ္ဘာသိပွင့်လင်းစွာဖော်ပြသင့်သည်။
5.    နယ်မြေတည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်သည့် လှုံ့ဆော်မှုသဘောတရားပါဝင်သော မီဒီယာများ ရပ်တန့်ရန် တောင်းဆိုပါသည်။
6.    အခက်အခဲရင်ဆိုင်နေရသော အစိုးရအား လက်ညှိုးထိုးဝေဖန်နေခြင်းထက် ပြဿနာဖြေရှင်းပုံ နည်းလမ်းများကိုသာ ပူးပေါင်းအကြံပြုသွားသင့်သည်။
7.    သမိုင်းကြောင်းအမှန်များကို ပွင့်လင်းမြင်သာစွာသိမြင်စေရေး၊ အထောက်အထားခိုင်မာသော အချက်အလက်တို့ကို စုစည်းကိုးကားလျက် အကျယ်တ၀င့်ဖော်ပြသွားသင့်သည်။
8.    ဤဖြစ်စဉ်အတွက် နောက်ကွယ်မှ လှုံ့ဆော်ကြိုးကိုင်နေသော လူပုဂ္ဂိုလ်အဖွဲ့အစည်း(လူမျိုး၊ ဘာသာ၊ အသားအရောင်)မည်သူ့ကိုမဆိုဖော်ထုတ်၍ ဥပဒေအတိုင်းထိထိရောက်ရောက်အရေးယူရမည်။
9.    ပြဿနာသည်သစ်ပင်တစ်ပင်ဆိုပါက အကိုင်းအခက်များကိုသာ ဖြတ်တောက်နှိမ်နှင်းနေခြင်းထက် ပြဿနာစတည်ရာ ရေသောက်မြစ်ကို ဖော်ထုတ်ရှင်းလင်းနိုင်ရေး ကြိုးပမ်းသင့်သည်။
10. ဖြစ်စဉ်ဖြစ်ရပ်တိုင်းအတွက် မှန်ကန်သည့်ဖြေရှင်းနည်း လမ်းကြောင်းပေါ်သို့ရောက်ရန် အားလုံးတွင် တာဝန်ရှိသည်။ သို့သော် အကြမ်းမဖက်သည့်နည်းလမ်းကိုသာ ရွေးချယ်ရန်ဖြစ်သည်။
11. အကြမ်းဖက်တုန့်ပြန်ခြင်းသော်လည်းကောင်း၊ ဘာသာရေးစစ်ပွဲဖန်တီးတုန့်ပြန်ရန် ခြိမ်းခြောက်ခြင်းဖြင့် သော်လည်းကောင်း၊ မလိုအပ်သည့် နိုင်ငံတကာတပ်များစေလွှတ်ချထားရေး တောင်းဆိုမှုကိုသော် လည်းကောင်း၊ သံတမန်အဆက်အသွယ်ကို ထိခိုက်စေမည့် လှုပ်ရှားမှုများကိုသော်လည်းကောင်း AMPTO မှ ပြတ်သားစွာ ဆန့်ကျင်သည်။
The Association of Myanmar’s Political Transformation Observation-AMPTO

No comments:

Post a Comment