ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

နေပြည်တော်ရှိ နှစ် ၁ဝဝ ကျော်က ရှေးဟောင်းစေတီ ၂၈ ဆူ ပြုပြင်

From : ခိုင်နွယ်ဦး

နေပြည်တော် ပြန်ကပြေး ရွာ၏ မြောက်ဘက်ညောင် ပင်ကြီးစုကျေးရွာ တွင်ရှိသော ရှေးဟောင်းစေတီများအနက်မှ စေတီ ၂၈ ဆူအား ပြုပြင်ထိန်း သိမ်းပြီး ဖြစ်ကြောင်း နေပြည်တော် ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဘာသာရေး လိုက်စားသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

''လက်ရှိမှာတော့ ၂၈ ဆူပြု ပြင်ပြီးသွားပြီဆိုရင် စေတီတွေကို ထီးတော်တင် တာကအစ ပြန်လုပ်ပြီး ထိန်းသိမ်းသွားမှာပါ''ဟု ၄င်းက ဆက်လက်ပြော သည်။

အဆိုပါရှေးဟောင်း စေတီများသည် ဘိုးတော်ဘုရား(ခေါ်) ပဒုံမင်း လက် ထက် အေဒီ (၁၇၈၁-၁၈၁၉) ကာလတွင် တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းစေတီများ ဖြစ်ကြောင်း တူးဖော်တွေ့ရှိရသော ဌာပနာပစ္စည်းများနှင့် ကြေးပြား ခေတ်ကမ္ပည်းစာများအရ သိရသည်။

ပြုပြင်ရမည့်စေတီပေါင်း ၃၄ ဆူရှိပြီး စေတီများပြုပြင် ထိန်းသိမ်းရန်အတွက် လှူဒါန်းလိုသူများကိုလည်း ဖိတ်ခေါ်ထားကြောင်းနှင့် အဆိုပါစေတီများကို ၂ဝ၁၁ ခုနှစ် ဒီဇင် ဘာလမှစတင်ကာ ပြုပြင်မှုများ ပြုလုပ်ခဲ့သည်ဟု နေပြည်တော် ကောင်စီမှ တာဝန်ရှိသူက ပြောသည်။

ရှေးဟောင်းစေတီများ၊ ယိုယွင်း ပျက်စီးလျက်ရှိသော မဟာသိမ်တော် ၁၄ ခု၊ ကျောင်းဆောင်၊ ဂန္ဓဂုဋီတိုက်နှင့် ရေတွင်းတို့ကို လည်း ပြုပြင်သွားမည်ဖြစ်ပြီး စေတီများပြုပြင်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ သိမ်ကျောင်းဘုန်းတော် ကြီးကျောင်းမှ ထိန်းသိမ်းစောင့် ရှောက်သွားမည်ဖြစ်သည်။

No comments:

Post a Comment