ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

သရုပ်ဆောင်မင်း သမီးလုပ်တော့ မည့်အဆိုတော်လေဒီဂါဂါ

အမေရိကန်ပေါ့ပ်အဆိုတော် လေဒီဂါဂါသည် လာမည့်နှစ်တွင် ဖြန့်ချိပြ
သ မည့် အက်ရှင်ဇာတ်ကားတစ်ကားတွင်ပါဝင်သရုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။အသက် (၂၆)နှစ်ရှိ အဆိုတော်လေဒီဂါဂါသည်
ဒါရိုက်တာ ရောဘတ် ရိုဒရီဂူးဇ် ရိုက်ကူးမည့် Machete Kills ဇာတ်ကားတွင် လာ ချာမီလီယွန်အမည်ရှိ အမျိုးသမီးဇာတ်ကောင်အဖြစ်သရုပ်ဆောင်
ရမည်ဖြစ်သည်။ အဆိုပါ ဇာတ်ကားသည် ဒါရိုက်တာရောဘတ်၏၂ဝ၁ဝ ခုနှစ်
က Machete ဇာတ်ကား ၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်သည်။ဒါရိုက်တာ
ရောဘတ်က မိမိသည် Machete Kills ဇာတ်ကားအတွက်လေဒီဂါဂါနှင့်အတူ စတင်လက်တွဲလုပ် ဆောင်လျက်ရှိကြောင်း လေဒီဂါဂါ၏အဆိုပါဇာတ်ကား
တွင် သရုပ်ဆောင် ရမည့် ဇာတ်ရုပ်ကို ဖော်ကျူးထားသောပိုစတာဖြင့် ၄င်း၏
တွစ်တာစာမျက်နှာတွင် အတည်ပြုရေးသားဖော်ပြထားသည်။ယင်းပိုစတာ
တွင် လေဒီဂါဂါက မာရီလင်မွန်ရိုးဆံပင်ပုံစံ ကဲ့သို့ ရွှေဝါရောင်ဆံပင်တိုတိုဖြင့် လက်ထဲတွင် မီးခိုးထွက်နေသောသေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ဝံပုလွေဖြူတစ်ကောင်က သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားသည့်ပုံဖြင့် သရုပ်ဖော်
ထားသည်။လေဒီဂါဂါကလည်း ဒါရိုက်တာရောဘတ်၏ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခြင်းဖြင့် သရုပ်ဆောင် အလုပ်ကိုစတင်တော့မည်ဖြစ်ကြောင်း၊ ယင်းအတွက် အလွန်စိတ်လှုပ်ရှားလျက်ရှိကြောင်း ၄င်း၏တွစ်တာစာမျက်နှာ
တွင် ရေးသားဖော်ပြခဲ့သည်။ယင်းဇာတ်ကားတွင် လေဒီဂါဂါနှင့် အတူ အခြား
နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် မီလ်ဂစ်ဆင်၊ ဆိုဖီယာ ဗာဂါရာ၊ အမ်ဘာဟဒ်၊ ဂျက်ဆီကာအယ်လ်ဘာ၊ မစ်ချယ်လီရိုဒရီဂူးဇ်နှင့် ဗန်နက်ဆာ
ဟတ်ဂျန်စ်တို့ ပါဝင်သရုပ်ဆောင်ကြမည်ဖြစ်သည်။

No comments:

Post a Comment