ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

ပြည်တွင်း ဟိုတယ်ပေါင်း ၇၃၀ အား Call Center မှ ချိတ်ဆက်ကာ Reservation ပြုလုပ်နိုင်

From : ခေတ်လူငယ်ပြည်တွင်း နေရာအနှံ့ရှိ ဟိုတယ်ပေါင်း ၇၃၀ အား Call Center နှင့် ချိတ်ဆက်၍ Reservation ပြုလုပ်နိုင်ရန် စတင်ဆောင်ရွက်လိုက်ကြောင်း သိရသည်။ အဆိုပါ ဟိုတယ် Reservation ပြုလုပ်ခြင်းကို ရန်ကုန်၊ မန္တလေး၊ ပုဂံ လေဆိပ်များတွင်ပါ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြုလုပ်လိုသူများ အနေဖြင့် ဖုန်းနံပါတ် ၁၈၇၅ သို့ ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံသားတွေ၊ နိုင်ငံခြားသားတွေကို ဟိုတယ်၊ Guest House များမှာ Booking လုပ်ပေးမှာ ဖြစ်ပါတယ်။ အဲဒါအပြင် ဘာသာစကား မျိုးစုံအတွက် Tour Guide တွေ ငှားရမ်းနိုင်မှာ ဖြစ်ပါတယ်” ဟု Blue Ocean Operation Management ကုမ္ပဏီမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ ဟိုတယ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဟိုတယ်များ၏ ဖုန်းနံပါတ်များ၊ လိပ်စာများ ဖြေကြားပေးခြင်းကို ၂၄ နာရီ ဆောင်ရွက်ပေးနိုင်သည်ဟု သိရသည်။ ဟိုတယ် Reservation ဝန်ဆောင်မှုတွင် ပထမဦးစားပေး အနေဖြင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ နေပြည်တော်၊ တောင်ကြီး၊ အင်းလေး၊ ပုပ္ပါး စသည့်မြို့များရှိ ဟိုတယ်များတွင် Reservation ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “Call Center နှင့် ချိတ်ဆက်ပြီးသား ဟိုတယ်တွေကို ဒီကနေ ချိတ်ဆက်ပေးတာ ဖြစ်ပါတယ်။ ဟိုတယ်ကို တိုက်ရိုက် ချိတ်စရာမလိုပဲ Call Center ကတစ်ဆင့် ဝန်ဆောင်မှုပေးတာ ဖြစ်ပါတယ်” ဟု Call Center မှ ဖြေကြားသည်။ Customer Relationship Management (CRM) စနစ်ကိုလည်း ထားရှိပြီး ၎င်းစနစ်မှ တစ်ဆင့် မိမိဧည့်သည်များ၏ Profile များကို ကြည့်ရှုကာ လိုအပ်ချက်များကို သိရှိနိုင်မည်ဟု ဆိုသည်။ ဟိုတယ် Reservation ပြုလုပ်လိုသူများ အနေဖြင့် Call Center သို့ ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၁၀၀ ကျပ် ကျသင့်မည် ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ် ၂ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment