ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

နိုင်ငံတော်သမ္မတနှင့် ၈၈ မျိုးဆက် ကျောင်းသားများ တွေ့ဆုံမည်


From : ခေတ်လူငယ်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံသွားရန်ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောကြားခဲ့သည်။ “မည်ကာမတ္တ တွေ့ဆုံခြင်းမျိုး၊ ဓာတ်ပုံဖော်ပြရုံလောက် တွေ့ဆုံခြင်းမျိုး မဟုတ်မှာကတော့ သေချာပါတယ်။ သေချာတာကတော့ ပြည်သူအတွက် အကျိုးရှိစေမယ့် ဆွေးနွေးမှုတွေကိုပဲ ကျွန်တော်တို့ ပြုလုပ်သွားမှာပါ။ တွေ့တဲ့အခါကျရင်လည်း ကျွန်တော်တို့ အားလုံးကို ပြန်ပြီး ထုတ်ပြန်သွားမှာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါသည်။ တွေ့ဆုံမှုအတွက် နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် နေ့ရက်ကို စီစဉ်နေဆဲဖြစ်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတော်သမ္မတသည် ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ထပ်မံတွေ့ဆုံမှုများ ပြုလုပ်သွားရန် အစီအစဉ်များ ရှိကြောင်းလည်း သိရသည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment