ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

မိုးညှင်းမြို့ နဲ့ ဖားကန့်မြို့တွေမှာ ခရိုင်ညီလာခံကျင်းပရေး ကော်မရှင်ရုံးတွေ ဖွင့်လှစ်ဖို့ NLD ပါတီဗဟိုမှ ညွှန်ကြား


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ၂၀၁၅ ခုနှစ်တွင် ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ထောက်ခံမဲတွေရရှိ ဖို့အတွက် ကချင်ပြည်နယ်မှာရှိတဲ့ မိုးညှင်းမြို့ နဲ့ ဖားကန့်မြို့တွေမှာ (NLD) ခရိုင်ညီလာခံကျင်းပရေး ကော်မရှင်ရုံး တွေဖွင့်လှစ်ဖို့ NLD ပါတီ ဗဟိုမှ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လ (၃၀)ရက်နေ့က မိုးကောင်းမြို့ နယ်မှာရှိတဲ့ NLD ပါတီရုံးမှာ ပါတီဝင် ဦးထွန်းကြည် ၊ ဦးကျော်ဝင်း ၊ဦးဝင်းအောင်တို့ ဦးစီးပြီး ပါတီဝင်များအား လပြည့်လကွယ်ရက်တွေမှာ ပါတီရံပုံငွေ ရရှိရေးအတွက် ဈေးရောင်းချခြင်းများ ပြုလုပ်ဖို့နဲ့ မိုးညှင်းနဲ့ ဖားကန့် မြို့နယ်တွေမှာ ကော်မရှင်ရုံးတွေ ဖွင့်လှစ်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

No comments:

Post a Comment