ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

သံလွင်နှင့်အတ္ထရံမြစ်ရေကြီး


ဇူလိုင်လ ၃၀ ရက်နေ့ နံနက်  ၉ နာရီ ၃၀ မိနစ်တိုင်းထွာ ချက်အရ သံလွင်မြစ်ရေမှာ  ၎င်း၏ စိုးရိမ်ရေမှတ်ကို  ကျော်လွန်၍ ၈၁၀  စင်တီမီတာသို့  ရောက်ရှိနေသည့်အတွက် ဘားအံမြို့ပေါ်ရှိ မြေနိမ့်ရပ်ဝန်း ရပ်ကွက်များတွင် မြစ်ရေလွှမ်းမိုးမှုဖြစ်ပေါ်ကာ လူနေအိမ်များ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း သိရှိရပါသည်။

ဘုရားသုံးဆူ တောင်ကျရေ အရှိန်ဖြင့် အတ္ထရံမြစ်ရေ မြင့်တက်လာခြင်းကြောင့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ချိတ်ဆက်ကူးသန်းနေသည့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(သံလွင်ဌာနခွဲ)ပိုင် ချောင်းနှစ်ခွ(ယာဉ်) ကူးတို့လိုင်း ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။



No comments:

Post a Comment