ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

မဲဆောက်တွင် 7 July အခမ်းအနား လုပ်ဖို့ပြင်တုန်း ထိုင်းရဲက မလုပ်ခိုင်းတာကြောင့် ဘယ်သူမှ ဘာမှပြန်မပြောရဲပဲ အသာလေး အိမ်ပြန်လာကြရ



ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ OTOP ခမ်းမ မှာ
ဇူလိုင် (၇) ကျင်းပဖို့ ပြည်ပြေးကျောင်းသားများ စုပေါင်း စီစဉ်ခဲ့ပေမယ့် လုပ်ဖို့ပြင်တုန်း ထိုင်းရဲက မလုပ်ခိုင်းတာကြောင့် ဘယ်သူမှ ဘာမှပြန်မပြောရဲပဲ အသာလေး အိမ်ပြန်လာကြရကြောင်း သတင်းရရှိပါတယ်။

ထိုင်းရဲများက နဲနဲလောက် ဖြဲချောက် လိုက်အပြီးမှာ ၁၉၇၄ ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူ ဦးအောင်စောဦး ဆိုသူက "ဒီအခမ်းအနားကို ၀မ်းနည်းစွာနဲ့ ရုတ်သိမ်းကြောင်း ကြေညာအပ်ပါတယ်ခင်ဗျာ။" ဟု ပြောဆိုကာ အားလုံး သုတ်ခြေတင် အိမ်ပြန်သွားကြကြောင်း သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာလည်း ၇ ဇူလိုင် နှစ် ၅၀ ပြည့်အခမ်းအနား ကြောင့် ကျောင်းသားများ ထိန်းသိမ်းခံရတယ်လို့ သတင်းများထွက်ခဲ့ပေမယ့် ထိန်းသိမ်းခံရတဲ့ ကျောင်းသားတွေထဲမှာတော့ အသက် ၅၀ ကျော်တာ တစ်ယောက်မှ မပါဘူးလို့ သိရပါတယ်။

No comments:

Post a Comment