ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

အိုင်တီပညာရပ် ကျွမ်းကျင်မှု စာမေးပွဲများတွင် ၀င်ရောက် ဖြေဆိုသူ နည်းပါး


From : ရတနာပုံ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှုင် အသင်းကနေ ကြီးမှူး ကျင်းပ ပေးနေတဲ့ အိုင်တီ ပညာရပ် ပိုင်းမှာ ကျွမ်းကျင်မှုကို စစ်ဆေး ပေးနေတဲ့ MCPA Exam တွေမှာ
ဝင်ရောက် ဖြေဆိုသူ နည်းပါး လာတယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒီလို
ဝင်ရောက် ဖြေဆိုသူ နည်းပါး လာရတာဟာ အဆိုပါ စာမေးပွဲ တွေမှာ အိုင်တီ ပညာရပ်နဲ့ ပတ်သက်လို့ စာတွေ့၊ လက်တွေ့ ပေါင်းစပ်ဖြေဆို ရတာကြောင့် ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါ စာမေးပွဲ အတွက် သီးခြား သင်ရိုးတွေ ထုတ်ပြန် ထားတာ မရှိဘဲ အိုင်တီ ပညာရပ် နယ်ပယ် အတွင်း အမှန်တကယ် လေ့လာ အကျွမ်းဝင်သူ တွေမှသာ ဖြေဆို အောင်မြင် နိုင်တာကြောင့်လည်း ၀င်ရောက် ဖြေဆို သူတွေ ယခင်ကထက် နည်းပါး လာတာ ဖြစ်ပါတယ်။ အိုင်တီနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှု ရှိဖို့အတွက် အစပိုင်းမှာ အခြေခံ အားလုံးကို စနစ်တကျ လေ့လာ ပြီးမှသာ မိမိ ကျွမ်းကျင်မှု အလိုက် Hardware ,Software ခွဲခြား လေ့လာမှုတွေ ပြုလုပ်သင့်တာ ဖြစ်တယ်လို့ အိုင်တီ နယ်ပယ် အတွင်း လုပ်ကိုင်နေတဲ့ ပညာရှင် တစ်ဦးက အကြံပြု ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် အခု နောက်ပိုင်းမှာ လူငယ်တွေ အနေနဲ့ အိုင်တီ ပညာရပ်ကို လေ့လာမှုများ ပြားလာ ပေမယ့် အမှန်တကယ် စိတ်ဝင်တစား လေ့လာသူ နည်းပါး နေတယ်လို့ သိရပါတယ်။ ဒီလို နည်းပါး နေတာကြောင့် ပြည်တွင်းမှာ အိုင်တီ နယ်ပယ် အတွင်း ကျွမ်းကျင်သူ ပေါ်ထွက်မှု လျော့နည်း နေတာ ဖြစ်ပါတယ်။ အဲ့ဒီ အတွက် အိုင်တီ ပညာရပ် နယ်ပယ် အတွင်း လုပ်ကိုင်နေကြသူ တွေအနေနဲ့ အခုထက် ပိုမိုကာ အားထုတ် လေ့လာပြီး လာမယ့် ၂၀၁၅ ခုနှစ် မတိုင်မီ ကျွမ်းကျင် အဆင့် လုပ်ကိုင်နိုင်သူတွေ ဖြစ်ပေါ်လာဖို့ လိုအပ်တယ်လို့ ကွန်ပျူတာ ပညာရှင် တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

No comments:

Post a Comment