ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

သမ္မတဦးဆောင်သည့် နိုင်ငံခြားအကူအညီ၊ အထောက်အပံ့စီမံရေး ဗဟိုကော်မတီဖွဲ့စည်း



From : ခေတ်လူငယ်
နိုင်ငံခြားအကူအညီ အထောက်အပံ့များကို နိုင်ငံတော်က စနစ်တကျ စီမံခန့်ခွဲ ကြီးကြပ်ခွဲဝေ သုံးစွဲနိုင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် နိုင်ငံခြားအကူအညီ အထောက်အပံ့ စီမံခန့်ခွဲ၍ ဗဟိုကော်မတီနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သည့် လုပ်ငန်းကော်မတီအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မရုံး၏ ကြေညာချက် စာအမှတ် ၃၆/၂၀၁၂ အရ သိရှိရသည်။ နိုင်ငံခြားအကူအညီ၊ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီတွင် နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၁) က ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယသမ္မတ(၂) က ဒုတိယဥက္ကဋ္ဌ(၂) အဖြစ် တာယန်ယူပြီး ပြည်ထောင်စုဝန်ကြီး ၂၂ ဦးက အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တွဲဖက်အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ယူဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းအမိန့်ကြေညာစာတွင် ဖော်ပြထားသည်။ နိုင်ငံခြားအကူအညီ၊ အထောက်အပံ့ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌ၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၁၂ ဦး၊ အတွင်းရေးမှူး ၁ဦး၊ တွဲဖက်အတွင်းရေးမှူး ၁ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဗဟိုကော်မတီက နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတို့အပြင် နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ချေးငွေများကို ထိရောက်အကျိုးရှိစွာ ခွဲဝေအသုံးပြုနိုင်ရေး စီမံခန့်ခွဲမည်ဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူများအတွက် အကျိုးရှိမည့် လုပ်ငန်းများ၊ လူမှုအဆင့်အတန်း မြင့်မားရေး လိုအပ်ချက်များ ရှိပါက သီးခြားခွဲဝေသုံးစွဲရေး စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ယင်းအပြင် လုပ်ငန်းကော်မတီက စိစစ်တင်ပြလာသည့် ပြည်ထောင်စုအစိုးရ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ နိုင်ငံတော် အဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်လာသည့် နိုင်ငံခြားအကူအညီ အထောက်အပံ့များအား စိစစ်အတည်ပြုခွင့်ပြုပေးရမည် ဖြစ်ကြောင်း အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေး ဗဟိုကော်မတီ၏ လုပ်ငန်းစဉ်တွင် ထည့်သွင်းဖော်ပြထားသည်။ နိုင်ငံခြားအကူအညီ၊ အထောက်အပံ့ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ၏ တာဝန်တွင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီ ညှိနှိုင်းပြီး ဦးစားပေးကဏ္ဍနှင့် ဦးစားပေးနယ်မြေများ ရွေးချယ်လျာထား၍ ဗဟိုကော်မတီသို့ တင်ပြပြီး နိုင်ငံတကာအဖွဲ့အစည်းများ၊ အလှူရှင်နိုင်ငံ၊ အလှူရှင်များနှင့် ဆွေးနွေးပွဲများ ကျင်းပညှိနှိုင်း၍ နိုင်ငံခြားအကူအညီ အထောက်အပံ့နှင့် ချေးငွေများ ခွဲဝေသုံးစွဲရေး စီမံရန်တို့ကို လုပ်ဆောင်ရမည်ဟု ဖော်ပြထားကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment