ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

တစ်နှစ်တွင် ရှစ်လ လွှတ်တော်ခေါ်မည်


From : ခေတ်လူငယ်
လွှတ်တော်အစည်းအဝေးများကို တစ်နှစ်တွင် ရှစ်လ ခေါ်ယူသွားရန်ရှိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားသည်။ “တစ်နှစ်မှာရှစ်လ လွှတ်တော်ခေါ်ဖို့ ရှိပါတယ်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လမှာ ဘတ်ဂျက် Session ပေါ့၊ ဧပြီ၊ မေမှာ လွှတ်တော်နားပြီးတော့ လွှတ်တော်အမတ်တွေဟာ ကိုယ့်ရဲ့ မဲဆန္ဒနယ်တွေကို သွားမယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်မှာ လွှတ်တော်ခေါ်မယ်။ စက်တင်ဘာမှာ နားမယ်။ အောက်တိုဘာ၊ နိုဝင်ဘာ မှာ Supplementry ဘတ်ဂျက်တွေကို ခေါ်မယ်။ ဒီဇင်ဘာမှာ နားမယ်။ နောက် ဇန်နဝါရီမှာ ပြန်စမယ်။ ဒါကြောင့် တစ်နှစ်မှာရှစ်လ လွှတ်တော်ခေါ်ဖို့ လျာထားပါတယ်။ ဒါဟာ ပုံမှန်ပဲ ရှိပါသေးတယ်။ ဒီအထဲမှာ အထူးတို့၊ အရေးပေါ် အစည်းအဝေးတို့ ရှိနိုင်တယ်” ဟု ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်က ဂျပန်နိုင်ငံ ယိုမီယူရီရှင်ဘွန်း သတင်းစာ၏ အာရှဗျူရိုအကြီးအကဲ Mr.Junichi Fukasawa အား ဇူလိုင်လ ၅ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ အမျိုးသားလွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့သည်။ ယခုအခါ လွှတ်တော်အစည်းအဝေးများ သုံးကြိမ်ကျင်းပခဲ့ပြီး လေးကြိမ်မြောက် ဖြစ်သည့် ပထမအကြိမ်လွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးကို ဇူလိုင် ၄ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပလျှက်ရှိကြောင်းသိရှိရသည်။

No comments:

Post a Comment