ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

လယ်တောသူ အလှမယ်ပြိုင်ပွဲ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်



From: The Voice
တောင်သူ လယ်သမားတို့၏ ဘဝကို ထင်ဟပ်စေမည့် လယ်တောသူ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ဇူလိုင်လ ၁၅ ရက်နေ့၌ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ သိရသည်။
ယင်းအလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်း၏ ပထမအကြိမ် နှစ်ပတ်လည် စုံညီ အစည်းအဝေး အထိမ်းအမှတ်အဖြစ် ကျင်းပခြင်း ဖြစ်သည်။
“မော်ဒယ်ရှိုးပွဲ မဟုတ်ပါဘူး။ တောင်သူတွေရဲ့ ဘဝပုံစံမျိုးနဲ့ ယှဉ်ပြိုင်ရမှာပါ” ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ ယင်းပွဲစီစဉ်သူ အမျိုးသမီးတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ လယ်တောသူ အလှမယ်ပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် လာရောက်လျှောက်ထားသူ ၆၀ ဦးခန့် ရှိပြီး ဇူလိုင် ၆ ရက်နေ့တွင် စကာတင် အလှမယ် ၂၀ ဦး ရွေးချယ်ထားပြီး ၄င်းတို့က ယှဉ်ပြိုင်ကြမည် ဖြစ်ကာ ပထမဆု ၁၀ သိန်းကျပ် ၊ ဒုတိယဆု ကျပ် ၈သိန်း ၊ တတိယဆု ၆သိန်း နှင့်အတူ နိုင်ငံခြား လည်ပတ်မည့် ခရီးစဉ်များလည်း ပါဝင်မည် ဖြစ်ကြောင်း ယင်းအသင်းက တရားဝင် ထုတ်ပြန်သည်။
လက်ရှိ အနေအထားတွင် မြန်မာနိုင်ငံတစ်ဝှမ်း တောင်သူ လယ်သမားများသည် အစိုးရနှင့် ဆန်အထူးပြု ကုမ္ပဏီများထံမှ ချေးယူထားသော ငွေကြေးများကို ပြန်ဆပ်နိုင်သည့် အခြေအနေ မရှိဘဲ အခက်အခဲ ဖြစ်နေကြောင်း မြန်မာနိင်ငံ ဆန်စပါးလုပ်ငန်း အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင် အသင်း ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် တစ်ဦးကမူ “တောင်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ ဒီလို အလှမယ် ပြိုင်ပွဲတွေတော့ မလုပ်သင့်ပါဘူး” ဟု ၎င်း၏ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားသည်။

No comments:

Post a Comment