ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

တစ်နှစ်လျှင်တန်တစ်သန်း ထုတ်လုပ်မည့် ဘိလပ်မြေစက်ရုံကို အင်ဒိုနီးရှားက မြန်မာနှင့် ဖက်စပ်လုပ်ကိုင်မည်



From : Yatanarpon National Web Portal
အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ဘိလပ်မြေ ကုမ္ပဏီကြီးဖြစ်သော PT Semen Gresik ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာသန်း ၁၆၀ ခန့် ကုန်ကျမည့် ဘိလပ်မြေ စက်ရုံကြီးကို လာမည့် ၂၀၁၃ ခုနှစ်တွင် တည်ထောင်မည်ဟု အတည်ပြု ပြောကြားလိုက်ကြောင်း ၂၇-၆-၂၀၁၂ ရက်က သိရသည်။ “ကျွန်တော်တို့ မြန်မာကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး တစ်နှစ်တန် ၆၀၀၀၀၀ ကနေ
တန်တစ်သန်းအထိ ထုတ်လုပ်သွားဖို့အတွက် စက်ရုံတည်ဆောက်ဖို့ ရှိပါတယ်” ဟု PT Semen Gresik ၏ အမှုဆောင်အရာရှိချုပ် Dwi Soetjipto ကပြောကြားသည်။ “ဒီအတွက် ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉ သန်း ကုန်ကျမယ်လို့ မှန်းထားတယ်” ဟု ၎င်းက ပြောကြားသည်။ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မည့် အရိပ်အယောင်၏ နောက်ကွယ်မှ လိုအပ်ချက် မြင့်မားနေသော ဘိလပ်မြေဈေးကွက်ကို လေ့လာစစ်တမ်းရယူမှုများ ရှိထားသည်ဟု သိရသည်။

“ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကတော့ လာကြတော့မှာပဲလေ။ ဒီအတွက် မြန်မာဘက်က ပြင်ဆင်မှုတွေ အဖြစ်နဲ့ လုပ်ထားသင့်တာက ဘိလပ်မြေနဲ့ ပတ်သက်တဲ့ သုတေသန စင်တာကြီး လုပ်ရမယ်။ ဘိလပ်မြေနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့ ဖွဲ့ထားရမယ်။ အခုထိ မြန်မာနိုင်ငံမှာ ဘိလပ်မြေနဲ့ ပတ်သက်တဲ့ အသင်းအဖွဲ့ မရှိသေးဘူး။ ဒါကလည်း အရေးကြီးတယ်။ ပြီးတော့ နောက်တစ်ခုက အစိုးရပိုင်း အနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးတဲ့နေရာမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ လက်လှမ်းမမီတဲ့ ဒေသတွေမှာပဲ ပြန်ရောင်းခိုင်းသင့်တယ်။ ပြည်တွင်းလုပ်ငန်းစုတွေ ယှဉ်ပြိုင်နိုင်စွမ်းအား မရှိမှာ စိုးရတယ် စိုးရတယ်” ဟု ကမ္ဘောဇ ဘိလပ်မြေမှ အကြံပေးအရာရှိ ဦးစိုးနိုင်က ပြောကြားသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ဘိလပ်မြေစက်ရုံနှင့် ပတ်သက်သော ပြောကြားချက်များအရ တစ်ရက်လျှင် အနည်းဆုံးတန် ၄၀၀၀ ကျသော စက်ရုံများကိုသာ တည်ဆောက်ထုတ်လုပ်ခွင့် ပေးတော့မည်ဖြစ်ပြီး အင်ဒိုနီးရှားမှ လာရောက်မည် ဖြစ်ပါက MIC ၏ ခွင့်ပြုချက်ကို ဆောလျင်စွာ ရရှိသွားဖွယ် ရှိနေသည်ဟု သိရသည်။

No comments:

Post a Comment