ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

အစိုးရ ၀န်ထမ်း များအား တန်ဖိုးနည်း ဖုန်းများ အရစ်ကျ ရောင်းချပေး



From : MRTV4
ဧပြီလက စတင်ကာ ရောင်းချ ပေးခဲ့တဲ့ တန်ဖိုးနည်း ဖုန်းတွေကို ဇွန်လ ၂၉ ရက်နေ့က စတင်ကာ အစိုးရ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို အရစ်ကျ စနစ်နဲ့ရောင်းချ
ပေးနေပြီ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ အခုလို ဌာနဆိုင်ရာ ၀န်ထမ်းတွေကို အရစ်ကျ စနစ်နဲ့ရောင်းချရာမှာ သက်ဆိုင်ရာ ဌာန အသီးသီးက တာဝန်ရှိသူရဲ့ ထောက်ခံချက် ရယူပြီး အစိုးရ ၀န်ထမ်း အားလုံး လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

ဒီလို အရစ်ကျ စနစ်နဲ့ ရောင်းချပေးမှု အတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ၀ယ်ယူသူ မရှိသေးဘဲ နေပြည်တော်ရှိ ဌာနဆိုင်ရာ အချို့ မှာတော့ စတင် ၀ယ်ယူမှုတွေ ရှိနေပြီ ဖြစ်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိ သူတွေရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို အရစ်ကျ ၀ယ်ယူမှု အတွက် လုပ်သက်နဲ့ ရာထူး ကန့်သတ်ချက် မရှိဘဲ အစိုးရ ၀န်ထမ်း အဖြစ် လုပ်ကိုင်နေသူ အားလုံးကို ရောင်းချပေး နေတာ ဖြစ်ပါတယ်။ အခုလို အရစ်ကျနဲ့ရောင်းချရာမှာ GSM ဖုန်းအတွက် ကျပ် လေးသောင်း အပို သတ်မှတ်ကာ စုစုပေါင်း ကျပ်နှစ်သိန်း လေးသောင်းကို ၅ လ အရစ်ကျ ပေးရမှာ ဖြစ်ပါတယ်။ WCDMA ဖုန်းအတွက် ကိုတော့ ကျပ်ငါးသောင်း အပိုနဲ့ စုစုပေါင်း ကျပ်သုံးသိန်းကို ၅ လ အရစ်ကျ ပေးသွင်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment