ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

မြန်မာဘက်သို့ ကျူးကျော်နေထိုင်သူ ထိုင်းလူမျိုး ၈၀ မြန်မာအစိုးရ ထိန်းသိမ်း



From : The Voice
ရန်ကုန်၊ ဇူလိုင် ၈
ထိုင်း - မြန်မာ နယ်စပ် တနင်္သာရီတိုင်း ကော့သောင်း ခရိုင်အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်နေသည့် ထိုင်းနိုင်ငံသား ၈၀ ခန့်ကို မြန်မာအစိုးရ တပ်မတော်က ဖမ်းဆီးထားကြောင်း ထိုင်းနိုင်ငံ ဘန်ကောက် အခြေစိုက် ဘန်ကောက်ပို့စ် သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် ဇူလိုင်လ ၇ ရက်နေ့က ဖော်ပြထားသည်။
ရနောင်းခရိုင် ကလပ်ဘူရီ မြို့နယ်နှင့် မျက်နှာချင်းဆိုင် မြန်မာနိုင်ငံ နယ်နိမိတ် အတွင်း ကျူးကျော်၍ ရော်ဘာပင် စိုက်ပျိုးရန် လုပ်ကိုင်နေသူများကို ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာမျက်နှာတွင် ဖော်ပြထားချက်အရ သိရှိရသည်။
ယင်းသတင်းနှင့် ပတ်သက်၍ တနသာင်္ရီတိုင်း အစိုးရအဖွဲ့ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း ရုံးပိတ်ရက် ဖြစ်သောကြောင့် တာဝန်ရှိသူများ မရှိကြောင်း ပြန်လည် ဖြေကြားသည်။
မြန်မာအစိုးရ စစ်တပ်က သေနတ်ကို မိုးပေါ်ထောင်၍ တစ်နာရီနီးပါး ခြိမ်းခြောက် ပစ်ခတ်ပြီးမှသာ တရားမဝင် ကျူးကျော်လာသည့် ထိုင်းနိုင်ငံသားများကို လာရောက် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ထွက်ပြေး လွတ်မြောက်လာသူများ၏ ပြောဆိုချက်ကို ကိုးကား၍ အဆိုပါ သတင်းတွင် ဖော်ပြထားသည်။
ထွက်ပြေး လွတ်မြောက်လာသူ ထိုင်းနိုင်ငံသား ၃ ဦးက ထိုင်းတာဝန်ရှိသူ အချို့နှင့် တွေ့ဆုံကာ ထွက်ပြေး တိမ်းရှောင်နေသူများနှင့် အဖမ်းခံရသူများကို အဆက်အသွယ် ရရှိရန် ကြိုးစားနေ ကြောင်းလည်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဆိုသည်။
ယင်းဒေသတွင် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့ အပါအဝင် စူရတ်ဌာနီ၊ နခွန်စီ ထာမရတ်၊ ချုံဖော် မြို့နယ်များမှ မိသားစုဝင်များ သွားရောက် နေထိုင်နေကြပြီး ခန့်မှန်းခြေ လူဦးရေ ၈၀၀ ခန့် ရှိကြောင်း ထိုင်းအစိုးရ တာဝန်ရှိသူများက ပြောကြားသည်။
ယင်းဒေသတွင် ဖမ်းဆီးခံထားရသော ထိုင်းနိုင်ငံသားများအား အကူအညီ ပေးနိုင်ရန် မြန်မာအစိုးရ အာဏာပိုင်များကို ဆက်သွယ်မှုများ ပြုလုပ်လျက် ရှိကြောင်း ထိုင်းဒုဝန်ကြီးချုပ်Yuthasak Sasiprapa က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားသည်။
ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ယုထဆက် ဆာစီပရာပ (Yuthasak Sasiprapa) က “အဖမ်းခံရတဲ့ လူတွေ ပြန်လွတ်လာအောင် ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာသံရုံးနဲ့ မြန်မာနိုင်ငံထဲက တာဝန်ရှိသူတွေကို ကူညီဖို့ ပြောထားတယ်၊ ထိုင်းနိုင်ငံသားတွေ အားလုံး အန္တရာယ်ကင်းကင်း ပြန်လွတ်လာမယ်လို့ ယုံကြည်တယ်” ဟု သတင်းထောက်များကို ယနေ့ ပြောကြားသည်။
ယခု ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသားများ အရေးကို လာမည့် ဇူလိုင် လကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ လာရောက်မည့် သမ္မတ ဦးသိန်းစိန် ခရီးစဉ် မတိုင်ခင် ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။

No comments:

Post a Comment