ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်မည်



From : မောင်ဖိုးနီ
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၅ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို အဆိုပါ နေ့မှာ ဗဟန်း မြို့နယ်ရှိ ရွှေတိဂုံ ဘုရား မြောက်ဘက်
အာဇာနည် ဗိမာန်မှာ ကျင်းပပြုလုပ် သွားမယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်ရာမှာ အခမ်းအနား တက်ရောက် လိုသူတွေဟာ ကျင်းပမယ့်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ထက် နောက်မကျဘဲ အာဇာနည် ဗိမာန် ကွပ်ကဲရေးရုံးကို ကြိုတင် ရောက်ရှိ နေရမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ရောက်ရှိပြီး အဆိုပါ အခမ်းအနားမှာ ပန်းခွေချ ဂါရ၀ပြုမယ့် အမျိုးသား တွေဟာ တိုက်ပုံ အနက်နဲ့ခေါင်းပေါင်း ၀တ်ဆင် ထားရမယ်လို့ သိရပါတယ်။ ဒီလို အခမ်းအနား ပြုလုပ်ပြီး နံနက် ၈ နာရီမှ ၅ နာရီအထိ နတ်မောက် လမ်းမှာရှိတဲ့ ဗိုလ်ချုပ် ပြတိုက်ကို အများပြည်သူတွေ လေ့လာ ကြည့်ရှု နိုင်အောင် ဖွင့်လှစ်ပေး သွားမှာ ဖြစ်ပါတယ်။ အခုလို ဖွင့်လှစ်ထား ရှိမှုမှာလည်း လုံခြုံရေး အရ စိတ်ချရအောင် CCTV ကင်မရာ တပ်ဆင်မှုကို အာဇာနည် ဗိမာန် ၀င်ပေါက်မှာ ၁ လုံး၊ ဂိတ်ထွက်ပေါက်မှာ ၁ လုံး၊ အာဇာနည် ဗိမာန်မှာ ၁ လုံး၊ ပြတိုက် အတွင်း၊ အပြင် တို့မှာ ၂ လုံးနဲ့ ပြတိုက် အ၀င် လုံခြုံရေး ဂိတ်မှာ ၁ လုံး တပ်ဆင်ပေး ထားမယ်လို့ သိရပါတယ်။

No comments:

Post a Comment