ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ အသင်းဥက္ကဌ အသစ်ရွေးချယ်


မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မန္တလေးတိုင်း ဒေသကြီး အတွက်
ရွေးချယ်တင် မြောက်ခဲ့သော ကိုစန်းယုကျော်က မိမိဆန္ဒ အလျောက်
နုတ်ထွက်သွား သောကြောင့် မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
က အလုပ်အမှု ဆောင် အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်(၁၀)
နာရီက လမ်း၃၀၊ ၇၂ လမ်းထောင့်ရှိ ယူနီစန် ကဖေးတွင် ကျင်းပပြု လုပ်ခဲ့သည်။

အစည်းအဝေးတွင် လက်ရှိ မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
အသင်း၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး လစ်လပ်သွားသော ဥက္ကဌ
နေရာကို လျို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။

မဲစာရင်းများကို ရေတွက်ခဲ့ရာ တက်ရောက် လာသော ၁၇ဦးထဲမှ ၁၅ဦးက
လျို့ဝှက်မဲပေးခဲ့ရာ ရွေးချယ်ပွဲတွင် သတင်းစာ ဆရာကြီးနတ်မောက်ထွန်းရှိန်က
မဲများကိုရေတွက် ပေးခဲသည်။

ရွေးချယ်ထားသော မဲစာရင်းမှာ ကာတွန်းဆရာ အောင်မော်က (၁)မဲ၊ သတင်းထောက်
မန်းသားလေးက(၁)မဲ ရရှိကာ ဆရာစိုးဘားဒိုင်က ၁၃မဲဖြင့်
ဥက္ကဌရာထူးကိုရွေးချယ်တင်မြောက်ခဲ့ကြသည်။

“ကျွန်တော်တို့က လတ်တလော အလောတကြီးဖွဲ့ရတဲ့ အခြေအနေကြောင့် ဖွဲ့စည်းရာမှာ
မြို့နယ်တွေ မပါနိုင် ပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု မြန်မာနိုင်ငံ သတင်းစာ
ဆရာအသင်း (မန္တလေးတိုင်း ဒေသကြီး) အနေနဲ့ မြို့နယ်တွေ ပါပါဝင်တဲ့ တိုင်းဒေသကြီး
ညီလာခံကို ကျင်းပကာ ရွေးချယ်တင် မြောက်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်” ဟု
ရွေးချယ်ခံရသော ဥက္ကဌ ဆရာစိုးဘားဒိုင်က ပြောကြားသည်။

ဆရာစိုးဘားဒိုင်သည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)၏
နာယကအဖြစ် မူလဖွဲ့စည်းမှုတွင် နာယက အဖြစ်တင် မြောက်ထားသူဖြစ်သည်။

Myanmar News Now

http://feeds.feedburner.com/thithtoolwin/yIWV

No comments:

Post a Comment