ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

KIA မှ မုန်ဆန်ယန်သင်တန်းကျောင်းတွင် လက်နက်ကြီးများစမ်းသပ်ပစ်ခတ်





KIA  မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်နဲ့ လက်နက်ကြီးတပ်ရင်းတွေက ကေအိုင်အေ အရာရှိကြီးများပါ ၀င်တဲ့ အဖွဲ့ဟာ သြဂုတ်လ (၁၈) ရက်နေ့က မုန်ဆန်ယန်ကျေးရွာမှာရှိတဲ့ မုန်ဆန်ယန်သင်တန်းကျောင်းကို သွားရောက်ပြီး လက်နက်ကြီးတွေ စမ်းသပ်ပစ်ခတ်နေမှုကို ကြည့်ရှုခဲ့တယ်လို့ သတင်းရရှိပါတယ်။

          စမ်းသပ်ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေကို လိုင်ဇာဗဟိုဌာနချုပ်မှာထုတ်လုပ်ခဲ့ပြီး ၊ “၀” အဖွဲ့အစည်း တွေရဲ့ နည်းပညာနဲ့ထုတ်လုပ်ထားပြီး မီတာ (၁၀၀၀) ကနေ (၁၂၀၀)အထိ ပစ်ခတ်နိုင်တယ် လို့ KIA တပ်ဖွဲ့ဝင် တစ်ဦးမှ ပြောဆိုခဲ့ပါတယ်။
          ယခုလအတောအတွင်း မြန်မာအစိုးရစစ်တပ်တွေ အင်အားအလုံးအရင်းနဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ ကို ထိုးစစ်ဆင်နေပြီး လိုင်ဇာဌာနချုပ်အနားကို နီးကပ်လာချိန်မှာ ယခုလိုအမြောက်တွေ စမ်းသပ်ပစ်ခတ်ပြ ပြီး မြန်မာစစ်သားတွေ မလာရဲအောင် ခြောက်လန့်ပစ်ခတ်ပြနေတာဖြစ်တယ်လို့ တရုတ်-မြန်မာနယ်စပ်မှာ ရှိတဲ့ စစ်ရေးအကဲခတ်တွေ က ပြောဆိုနေကြပါတယ်။
           ဒ့ါအပြင် ကေအိုင်အေတို့ အနေနဲ့ တရုတ်-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို တရုတ်အစိုးရမှ ကချင်ပြည်နယ်ရှိမြို့ပေါ် ဒုက္ခသည်စခန်းတွေကို ပြောင်းရွှေ့ဖို့ တွန်းအားပေးခဲ့တာ ကို ကေအိုင် အိုခေါင်းဆောင်ပိုင်းတွေက ရွှေ့ပြောင်းခွင့်မပေးဘဲ မြန်မာအစိုးရစစ်တပ်တွေ လာရောက်တိုက်ခိုက်ရင် အကာအကွယ်ပြုဖို့ လူသားတံတိုင်းအဖြစ် ဖန်တီးထားတယ်လို့ သိရပါတယ်။
 
from-  ကချင်နေစဉ်သတင်း  

No comments:

Post a Comment