ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် ပါတီကိုယ်စားပြု
ပြည်နယ်/တိုင်းဒေသကြီးများမှ ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်များ တွေ့ဆုံပွဲ အခမ်းအနားကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့
ညနေပိုင်း (၅) နာရီအချိန် တွင် နေပြည်တော်ရှိ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး အစည်းအဝေးခန်းမကြီး၌
ကျင်းပပြု လုပ်သည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြားစဉ်
တွေ့ဆုံပွဲတွင်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးနှင့် ဗဟို
အလုပ်အမှုဆောင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ဌာနချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြည်ခိုင်ဖြိုးပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ၌ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ
အဖွင့်အမှာစကား ပြောကြားစဉ်
ရှေးဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးရွှေမန်းမှ အဖွင့်အမှာစကား ပြောကြား သည်။
ပြည်ခိုင်ဖြိုးပါတီ
ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ
ထို့နောက်
လွှတ်တော်ကိုယ်စားလှယ်များက စည်းရုံးရေးဆိုင်ရာ တင်ပြချက်များအပေါ်
ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး တွေ့ဆုံပွဲအခမ်းအနား ညနေ (၆) နာရီ (၁၀)
မိနစ်အချိန်တွင် ပြီးဆုံးကြောင်း သတင်းရရှိသည်။
ဒုတိယဥက္ကဋ္ဌ
သူရဦးရွှေမန်းမှ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့်
ပြည်နယ်/တိုင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ
တွေ့ဆုံပွဲသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်
No comments:
Post a Comment