ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

ပဲခူးတိုင်းအတွင်း လယ်-ဆည်ဝန်ကြီးဌာနမှ မျိုးစပါး အခမဲ့ဖြန့်ဖြူးမည်


ပဲခူးတိုင်းဒေသကြီးအစိုးရ လယ်ယာနဲ့ဆည်မြောင်း ၀န်ကြီး ဦးတင်စိုးဟာ ဒီကနေ့ နေ့လည်မှာ သနပ်ပင်၊ ဝေါ၊ က၀ မြို့နယ်တွေ အတွင်းက လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံပြီး ရေမြှုပ်သွားတဲ့ လယ်တွေအတွက် လိုအပ်တဲ့ မျိုးစပါးအားလုံးကို လယ်-ဆည်ဝန်ကြီးဌာနက အခမဲ့ ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်။

မျိုးစပါး ဖြန့်ဖြူးဖို့အတွက် ပျက်စီးသွားတဲ့ လယ်ဧကစာရင်းကို အရင်ကောက်ယူမှာ ဖြစ်ပါတယ် ။ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ ရွာပေါင်း ၆၆ ရွာ၊ ဝေါမြို့နယ်မှာရွာပေါင်း ၅၂ ရွာနဲ့ က၀မြို့နယ်က ရွာပေါင်း ၉၆ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေက လယ်ယာမြေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ လယ်ဧက သုံးသောင်းကျော် ရေနစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ မနေ့ကစပြီး ရေစကျနေပြီဖြစ်ပေမယ့် လယ်မြေ အများအပြားကတော့ ရေနစ်မြှုပ်နေဆဲပဲလို့ သိရပါတယ်။

No comments:

Post a Comment