ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နေပြည်တော်၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ် (Zomi Congress for Democracy) ပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း၊ ကြေညာချက်အမှတ် (၃၇/၂၀၁၂) ကို ၁၃၇၄ ခုနှစ်၊ ဒုတိယ ဝါဆိုလပြည့်ကျော် ၁၅ ရက်၊ (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်) နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်တွင်- ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း၊ အမှတ် (၂၀၃)၊ အခန်း (၁၈)၊ ၃-လွှာတွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) ပါတီအား ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုလိုက်ကြောင်း ကြေညာအပ်ပါသည်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for Democracy) ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၉) ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
 
From : ခေတ်လူငယ်

No comments:

Post a Comment