ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

ရန်ကုန်မြို့တွင် ရခိုင်အမျိုးသားများက UN-INGOs များနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖေါ်

 ၁၉ရက်နေ့ သြဂုတ် ၂၀၁၂ — ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပု လမ်းတွင် ယနေ့ နံနက်က ရခိုင်အမျိုးသား ၁၀၀ ခန့်သည် ပိုစတာ များ၊ ဆိုင်းဘုတ်များကို  ကိုင်ဆောင်ကာ UN နှင့် INGOs များနှင့် ပတ်သက်ပြီး  စီတန်းလှည့်လည် ကာ သဘောထား ထုတ်ဖေါ်သည့် ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဆန္ဒပြပွဲကို ဒီကနေ့ နံနက်က စမ်းချောင်းမြို့နယ် ဗဟိုလမ်းကနေ ရှင်စောပုလမ်း အတိုင်း ချီတက်ပြီး ပြည်လမ်းထိပ်မှာ အဆုံးသတ်ပါတယ်။ တီရှပ် အကျီဝတ်ထားတဲ့သူက ၅၀ ခန့်နဲ့ ၀ိုင်းရံထားတဲ့ လူနဲ့ ဆိုရင် ၁၀၀ ကျော်ပါဝင်ပါတယ်” ဦးဆောင် လူပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုစည်သူက ပြောသည်။
ဆန္ဒပြသူများအထဲမှ လူပေါင်း ၅၀ ခန့်သည် “ တရားမျှတမူကို မြတ်နိုးသည်။ ယူအန် ၊အန်ဂျီအို ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံမူ ရပ်” ဟု ရေးသားထားသော တီရှပ် အကျီင်္များကို ဆင်တူ
ဝတ်ဆင်ကာ ပိုစတာများ၊ ဆိုင်းဘုတ်များကိုင်ပြီး ငြိမ်းချမ်းစွာ စီတန်းကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
“ ကျွန်တော်တို့ ဘာကြောင့် ဆန္ဒပြရသလဲဆိုရင်တော့ ယူအန် အဖွဲ့အစည်းတွေက ရခိုင်ပြည်နယ်မှာ ခွဲခွဲခြားခြား ဆက်ဆံပြီး မျှတမူ မရှိတဲ့ အတွက် ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြရသော ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး သူက ပြောသည်။
ဆန္ဒပြပွဲအား ကြိုတင် ခွင့်ပြုချက်ယူပြီး ပြုလုပ်ခြင်း ဖြစ်သဖြင့် ရဲအဖွဲ့ဝင်များက လုံခြုံရေးကို လိုက်ပါ ဆောင်ရွက်ပေးသည်ဟု ကိုစည်သူက ပြောသည်။

ဆန္ဒုပြသူများသည် နံနက် ၁၁း၃၀ နာရီအချိန်တွင် ဆန္ဒပြပွဲအား စတင်ခဲ့ပြီး ၁၂ နာရီ ပြီးဆုံးခဲ့သည်ဟု သိရသည်။
ဆန္ဒပြသူများသည်  အချက် (၈) ချက်ပါ တောင်ဆိုချက်များကိုလည်း တောင်းဆိုခဲ့ကြသည်ဟု ဆို သည်။ တောင်းဆိုချက်များမှာ (၁) ရခိုင်ပြည်သူများအား ခွဲခြားဆက်ဆံခြင်းလုံးဝရပ်တန့်  (၂) သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို  လေးစားပါ။ (၃) မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာကို လေး စားပါ။ (၄) ရခိုင်ပြည်တွင်း ပဋိပက္ခ ဖန်တီးခြင်းကို ရပ်တန့်ပါ။ (၅)ကျွန်ုပ်တို့မြေသို့ အကြမ်းဖက်မူ မသယ် ယူလာနှင့်။ (၆)တရားမ၀င်လာရောက်နေထိုင်သူများ၏ အခွင့်အရေးအတွက် နိုင်ငံသားများ၏ အခွင့် အရေးကို အလွဲသုံးစားလုပ်ခြင်းရပ်တန့်ပါ။ (၇)မမျှမတဆောင်ရွက်မူရပ်တန့်ပါ။ (၈) ယူအန်၊ အိုင်အန် ဂျီအိုများသည် လူ့အခွင့်အရေး ချိုးဖေါက်မူများကို ရပ်တန့်ပါ တို့ ဖြစ်ကြောင်းသိရသည်။
ဆန္ဒပြပွဲသို့ သတင်းထောက် အများအပြား လာရောက် သတင်းယူခဲ့ကြပြီး UNHCR မှ တာဝန်ရှိ သူများအနေဖြင့် သူတို့၏ ဆန္ဒပြပွဲကို သိရှိသွားကြောင်း ဆိုသည်။

from-နိရဉ္စရာ

No comments:

Post a Comment