ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ဂျပန်နိုင်ငံမှ ကားတင်ပို့မှုတွင် မြန်မာနိုင်ငံသည် ဒုတိယအများဆုံး အဆင့်နေရာသို့ ရောက်ရှိခဲ့

၂၀၁၁ ခုနှစ်၌ ဂျပန်နိုင်ငံမှ ကားစီးရေ အများဆုံးတင်ပို့ခဲ့သည့် ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်ခဲ့ခြင်း မရှိသော်လည်း ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှုနှင့် ကားအသစ်များ အစားထိုးတင်သွင်းမှု စီမံချက် စတင်ခဲ့သည့် ၉-၈-၂၀၁၁ ရက်နေ့မှ စတင်၍ ယခုအချိန်ထိ ဂျပန်နိုင်ငံမှ ယာဉ်အစီးရေ တင်ပို့မှု ဒုတိယ အများဆုံးနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံက ယာဉ်တင်သွင်းရာတွင် အနီးဆုံးဆိပ်ကမ်း ကာဝါဆာကီဆိပ်ကမ်းမှ မြန်မာနိုင်ငံ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိသည်ဟု သိရသည်။ ကားအရောင်း စင်တာများ၊ ကားဝယ်ယူသူများ၊ ဝယ်ယူသည့် ယာဉ်များအား တင်ပို့မှုများတွင် အချိန်ကြာမြင့်မှု၊ ဈေးနှုန်း အနည်းအများ ကွာခြားမှုရှိခြင်း၊ အခွန်ပေးဆောင်ရခြင်း၊ ဓာတ်ရောင်ခြည်သင့်မှုများရှိခြင်း စသည့် အခက်အခဲများလည်း ရှိသည်ဟု သိရသည်။ ထိုကဲ့သို့ အခက်အခဲ ပြဿနာများကို ဂျပန်နိုင်ငံတွင် ရှိသော ကျွမ်းကျင်မှု အားနည်းသည့် ကုမ္ပဏီ၊ ကားအရောင်းစင်တာနှင့် ပူးပေါင်းလုပ်ကိုင်မှုများ၊ ကားအသုံးပြုမှု ကီလိုမီတာ/နာရီ (kmh) အလိုက် ဈေးနှုန်းကွာခြားခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု သိရသည်။ ထို့ပြင် မြန်မာနိုင်ငံက လူကြိုက်များသော ကားများအား ဈေးနှုန်းတင် ရောင်းချမှုများလည်း ရှိသည်ဟု သိရသည်။ “ကျွန်တော်တို့ ဂျပန်နိုင်ငံမှာဆိုရင် ဆီစားသက်သာပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ကားတွေ ပိုရောင်းအား ကောင်းတယ်။ 660CC နဲ့ Hybrid ကားတွေက ပိုမိုရောင်းအား သွက်ပါတယ်” ဟု လိုက်ဖ်ဂရုကုမ္ပဏီ စီအီးအို နိုဘုရှုကီတာနကက ပြောသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့မှ စတင်၍ ၂၀၁၂ ခုနှစ် ဇွန်လ  ၆ ရက်နေ့အထိ မှတ်ပုံတင်ဖျက်သိမ်းပြီး ယာဉ်ငါးသောင်းခွဲခန့် ရှိပြီးဖြစ်သည်ဟု သိရသည်။ ထို့ပြင် မြန်မာနိုင်ငံသို့ ကားအများဆုံး တင်သွင်းမှုသည် ဂျပန်နိုင်ငံမှဖြစ်ပြီး အခြားသော ကိုရီးယား၊ တရုတ် စသည့် နိုင်ငံများမှလည်း တင်သွင်းလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment