ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

လစဉ်အောင်ဘာလေထီ ပေါက်မပေါက် Call Center သို့ ဖုန်းဆက်မေးမြန်းနိုင်

အောင်ဘာလေထီပေါက်စဉ် တိုက်ပေးခြင်းကို Call Center မှ လစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ www.myanmarelottery.com ၀က်ဘ်ဆိုက်လိပ်စာမှတဆင့် အောင်ဘာလေထီ
တိုက်ပေးခြင်းကို ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။ ““အွန်လိုင်းကနေ ထီတိုက်ပေးတာဖြစ်ပါတယ်။ အက္ခရာနဲ့ ထီ နံပါတ်ကို ဖုန်းဆက်ပြောရုံနဲ့ Call Center ကနေပြီး ထီနံပါတ်ကိုရှာဖွေပေးမှာဖြစ်ပါတယ်”” ဟု Call Center မှပြောကြားသည်။
www.myanmarelottery.com ၀က်ဘ်ဆိုက် တွင် ထီဆုကြီးများ (ကျပ်သိန်း ၁၅၀၀ မှ မင်္ဂလာစုံတွဲ ကျပ်သိန်း ၁၀၀ အထိ) ကို လစဉ်တစ်ရက်နေ့ နံနက် ၁၀နာရီခွဲတွင် စတင်တိုက် နိုင်မည်ဖြစ်ပြီး ကျန်ဆုများအား တစ်ရက်နေ့ ညနေပိုင်းနှင့် နှစ်ရက် နေ့အစောပိုင်းများတွင် တိုက်နိုင်မည် ဖြစ်ကြောင်းသိရသည်။ ဖုန်းနံပါတ် ၁၈၇၆ သို့ဆက်သွယ်ကာ အထွေထွေစုံစမ်းမေးမြန်းမှုကဏ္ဍ၌ အဆိုပါလစဉ်အောင်ဘာ လေထီပေါက်စဉ်တိုက်ပေးခြင်းဝန်ဆောင်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသိရသည်။ ၎င်းအပြင် အဆိုပါကဏ္ဍ၌ ရွှေဈေး၊ ငွေဈေး၊ ပဲ ဈေး၊ ရေနံဈေးများ၏ နေ့စဉ်ဈေး နှုန်းများနှင့် အခြား ကုန်ဈေးနှုန်း သတင်းများကိုလည်း မေးမြန်းနိုင်မည်ဖြစ်ကြောင်းသိရသည်။ ခေါ်ဆိုမေးမြန်းခပေးချေစရာမလိုဘဲဖုန်း ခေါ်ဆိုစဉ်ချသင့်သည့် ဘီလ်ခေါ်ဆိုခသာ ကုန်ကျမည်ဖြစ်ကြောင်းသိရသည်။

No comments:

Post a Comment