ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ခရီးသွားခွင့်အမိန့်ဖြင့် စီးနင်းသော ဝန်ထမ်းများအတွက် ရထားခနှုန်းထား တိုးမြှင့်မည်

ဝန်ထမ်းများ ခရီးသွားလာခွင့်အမိန့်ဖြင့် စီးနင်းခွင့်ပြုသည့် လက်မှတ်နှုန်းထားများ ပြင်ဆင်တိုးမြှင့် ကောက်ခံနေမှုကို သြဂုတ်လ ၁ ရက်နေ့တွင် စတင်ပြုလုပ်မည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။ ၁၉၉၇ ခုနှစ် မေလမှစတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ခရီးသွားလာခွင့် အမိန့်ဖြင့် လက်မှတ်ဝယ်ယူပါက ခရီးစဉ်အလိုက် လက်မှတ်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချ၍ စီးနင်းခွင့်ပြုနေခြင်း အပေါ် ၂၅ ရာခိုင်နှုန်းသာ လျှော့ချပေးသွားတော့မည်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ “ဝန်ထမ်းမဟုတ်တဲ့သူတွေ MO နဲ့ ဝယ်တာကို စစ်ဆေးတွေ့ရှိတာတွေ တွေ့လာတယ်။ အဲဒါကြောင့် တိုးမြှင့်တာလည်း ပါတယ်။ နောက်တစ်ခုက မြန်မာ့မီးရထား ဝင်ငွေတိုးဖို့လည်း ပါတယ်” ဟု ယင်းတာဝန်ရှိသူက ထပ်မံပြောသည်။ မြန်မာ့မီးရထားမှ ဌာနဆိုင်ရာ ခရီးသွားလာခွင့်အမိန့်နှင့် အတူ ဝန်ထမ်းကတ်ဖြင့် ဝယ်ယူသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ ခရီးစဉ်အလိုက် လက်မှတ်ခနှုန်းထားများကို ကျသင့်ငွေ၏ ၇၅ ရာခိုင်နှုန်းဖြင့် ဝယ်ယူကြရတော့မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment