ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ဇေယျာသီရိ နိုင်ငံတကာ အဆင့်မီ အားကစားကွင်းကြီး ၈၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီး

လာမည့် ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်၌ တည်ဆောက်လျက်ရှိသည့် ဇေယျာသီရိ နိုင်ငံတကာ အဆင့်မီ အားကစားကွင်းကြီးသည် ၈၀ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း
“နိုင်ငံတကာအဆင့်မီ ဆောက်လုပ်နေတာ ဖြစ်တဲ့အတွက် အခုနှစ် အောက်တိုဘာလကုန်ပိုင်းလောက်မှာ အပြီးသတ် တည်ဆောက်နိုင် မယ်လို့ မျှော်လင့်ပါတယ်”ဟု မက်စ်မြန်မာကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အဆိုပါ အားကစားကွင်းအား ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အဓိက အားကစားကွင်းအဖြစ် လက်ခံကျင်းပနိုင်ရန်အတွက် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလနှောင်းပိုင်းက စတင်ပြီး မက်စ်မြန်မာ ဆောက်လုပ်ရေး က စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး သက်မှတ်ချိန်အမီ ပြီးစီးရေး ကြိုးပမ်းတည်ဆောက်လျက် ရှိကြောင်း သိရှိရသည်။
စုစုပေါင်း မြေဧက ၁၃၄ ဧက အကျယ်တွင် ဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်းများ၊ ယာဉ်ရပ်နားစခန်းတို့ ပါဝင်မည်ဖြစ်ပြီး ပရိသတ် ၃ သောင်းကျော် ၀င်ရောက်ကြည့်ရှု နိုင်မည်ဖြစ်သည်။ဇေယျာသီရိ အဆင့်မြင့် အားကစားကွင်းတွင် မြေညီထပ် စတုရန်းမီတာ ၄၅၆၉၀၊ ပထမထပ်သည် စတုရန်းမီတာ ၉၂၀၀၊ ဒုတိယထပ် စတုရန်းမီတာ ၂၃၀၀ အသီးသီး ကျယ်ဝန်းပြီး၍ အထပ်တိုင်းတွင် ပြခန်းများ၊ စားသောက်ခန်းများ၊ ရုံးခန်းများ၊ အစည်းအဝေးခန်းမ များ၊ မီဒီယာခန်း၊ အားကစားခန်းများ စသည်ဖြင့် ပါဝင်ကြောင်း သိရှိရသည်။
၂၀၁၃ (ဆီးဂိမ်းစ်) အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် နေပြည်တော်တွင် ဇေယျာသီရိနှင့် ဇမ္မူသီရိ အားကစားကွင်းကြီး များတွင် အဓိက လက်ခံကျင်းပသွားမည် ဖြစ်သလို ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းရှိ ကမ်းခြေ ဒေသများတွင် တို့အပါအဝင် အားကစားနည်း (၃၂) မျိုး၊ ပြိုင်ပွဲအရေအတွက် (၄၅၈) ပွဲ ပါဝင်ကျင်းပသွားမည် ဖြစ်သည်။

No comments:

Post a Comment