ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ပရီးမီးယားလိဂ် ချန်ပီယံ ဘွဲ့ ပြန်လည် ရယူရေးသည် မန်ယူ၏ အဓိက ရည်မှန်းချက်ဟုဖာဂူဆန်ဆို

မန်ချက်စတာ ယူနိုက်တက် အသင်း၏ လာမည့်ရာသီ ဦးစားပေး ရည်မှန်းချက်သည် မန်ချက်စတာ စီးတီးလက်မှ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူရန်ဖြစ်ကြောင်း ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်သည်။

မန်ယူအသင်း မန်နေဂျာကြီးက ပြီးခဲ့သည့် ရာသီ အသင်း၏ ဖြတ်သန်းမှုသည် ဆိုးရွားကြောင်း ဝန်ခံ ခဲ့သော်လည်း မန်ယူသည် ယခင် အစဉ်အလာများ အတိုင်း အရှုံးမှ တစ်ကျော့ပြန် နိုးထလာရန် အသင့် ရှိနေကြောင်း ပြောဆိုသွားသည်။ မန်ယူသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပထမဆုံး အကြိမ်အဖြစ် မန်ချက်စတာ မြေမှ အခြားအသင်း တစ်ခုလက်သို့ လွှဲအပ် လိုက်ရသော်လည်း မိမိတို့သည် ရှုံးနိမ့်မှု အတွေ့အကြုံ အတွက် တုန်လှုပ်နေစရာ မရှိဟု စကော့သား မန်နေဂျာကြီးက သုံးသပ်ခဲ့သည်။
ပရီးမီယားလိဂ် ဖလားပြန်လည် ရယူမည်ဟု ပြောလိုက်သည့် ဖာဂူဆန်
“(၁၉၉၈)တုန်းကဆို အာဆင်နယ်က ကျွန်တော်တို့ လက်ထဲကနေ ချန်ပီယံဆု ရယူသွားတယ်။ ဒါပေမဲ့ နောက်တစ်နှစ်မှာ မန်ယူဟာ တစ်ရာသီတည်း ဖလား(၃)လုံး ချန်ပီယံ ဖြစ်လာပါတယ်။ ချယ်လ်ဆီးရဲ့ ခေတ်တစ်ခု ဖြစ်ခဲ့ပေမယ့်လည်း နောက်တော့ မန်ယူဟာ ချန်ပီယံ ဆုကို ပြန်ရ ယူနိုင်ခဲ့တယ်။ အတိတ်ကို ပြန်ကြည့်ရင် မတူညီတဲ့ ကာလတိုင်းမှာ ကျွန်တော်တို့ဟာ အရှုံးကနေ ရုန်းထ လာနိုင်တယ်ဆိုတာ မြင်သာပါတယ်” ဟု ဖာဂူဆန်က ဆိုသည်။ ၎င်းက ဆက်လက်၍ “ခုဆိုရင် ကျွန်တော်တို့ဟာ ရာသီသစ် အစပိုင်းမှာ ပိုပြီး လန်းဆန်းနေဖို့ ရာသီကြို ခြေစမ်း ခရီးစဉ်တွေကို နည်းနည်း အပြောင်းအလဲ လုပ်ထားပါတယ်။ ဒါဟာ ချန်ပီယံဆုအတွက် ကျွန်တော်တို့ ကြိုးစားမှုမှာ အထောက်အကူ ဖြစ်စေမယ် ထင်ပါတယ်” ဟုလည်း ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော်တို့ အနေနဲ့ အမှတ်ပေး ချန်ပီယံဆုကို ပြန်လိုချင်ပါတယ်။ ဒါဟာ မန်ယူရဲ့ ဦးစားပေး နံပါတ်(၁) ရည်မှန်းချက်ပါ။ ကျွန်တော်တို့ ချန်ပီယံ ပြန်ဖြစ်လာဖို့ ရည်ရွယ်ပါတယ်” ဟုလည်း ပြောဆိုသွားသည်။
ကျွန်တော်တို့ အနေနဲ့ အမှတ်ပေး ချန်ပီယံဆုကို ပြန်လိုချင်ပါတယ်။ ဒါဟာ မန်ယူရဲ့ ဦးစားပေး နံပါတ်(၁) ရည်မှန်းချက်ပါ။ ကျွန်တော်တို့ ချန်ပီယံ ပြန်ဖြစ်လာဖို့ ရည်ရွယ်ပါတယ်…

No comments:

Post a Comment