ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ဂျပန်တွင် အပူလှိုင်းဒဏ်ကြောင့် လူတစ်ဦးသေဆုံးပြီး ၆၉၃ ဦးအား ဆေးရုံတင်ပို့ရ


From : Planet
အပူလှိုင်းကျရာက်မှုမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈) အထိ ဆက်လက် ဖြစ်ပွားနေဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထား

ဂျပန်တွင် အပူလှိုင်းဒဏ်ကြောင့် လူတစ်ဦးသေဆုံးပြီး ၆၉၃ ဦးအား ဆေးရုံတင်ပို့ရ








ဂျပန်နိုင်ငံတွင် အပူလှိုင်းကျရောက်မှုကြောင့် အပူဒဏ်ခံစားကြရပြီး စီရင်စု ၄၅ ခုမှ လူပေါင်း ၆၉၃ ဦးမှာ တနင်္လာနေ့က ဆေးရုံတွင်
ကုသမှုခံယူခဲ့ရကြောင်း RT News က ပြောကြားသည်။ ၎င်းတို့အနက် အသက် ၈၄ နှစ်အရွယ် အဘိုးအိုတစ်ဦးမှာ တနင်္လာနေ့ညက သေဆုံးသွားသည်။ တိုကျို့မြို့တွင် လူ ၂၁ ဦး အပူဒဏ်ကြောင့် ဆေးရုံသို့ တင်ပို့လိုက်ရသည်။

heatwave in japan


အပူလှိုင်းကျရောက်မှုကြောင့် အပူလျှပ်သည့် ဝေဒနာခံစားရသူ အများစုမှာ ဂျပန်နိုင်ငံ၏ အားလပ်ရပ်တစ်ရက်ဖြစ်သော တနင်္လာနေ့တွင် ပြုလုပ်သည့် အားကစားပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်ကြသော သို့မဟုတ် အားပေးကြည့်ရှုသည့် ကျောင်းသား ကျောင်းသူများ အဓိကပါဝင်ကြောင်း Fuji ရုပ်သံသတင်းက ပြောကြားသည်။ အပူလှိုင်းကျရာက်မှုမှာ ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၈) အထိ ဆက်လက် ဖြစ်ပွားနေဖွယ်ရှိကြောင်း ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထားသည်။

No comments:

Post a Comment