ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

Yahoo အကောင့်လေးသိန်းကျော်အခိုးခံရ

ဟက်ကာအဖွဲ့တစ်ဖွဲ့သည် Yahoo အကောင့်လေးသိန်းကျော်ကို ၄င်းတို့ ကုမ္ပဏီ၏ ကွန်ပျူတာအတွင်းမှ ခိုးယူခဲ့ကြောင်း အဆိုပါကုမ္ပဏီက ဇူလိုင်လ ၁၂ ရက်ကအ တည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ ၄င်းကုမ္ပဏီမှ အကောင့်လေးသိန်းကျော်နှင့် အခြားကုမ္ပဏီများ၏ အမည်နှင့်စကားဝှက်များကို ဟက်ကာများက ဇူလိုင်လ ၁၁ ရက်က ခိုးယူခဲ့ခြင်းဖြစ်သည်။
အဆိုပါခိုးယူမှုကို ဟက်ကာအဖွဲ့ဖြစ်သည့် DD33DS က ဇူလိုင် ၁၁ ရက်က ပြုလုပ်ခဲ့ပြီး အကောင့် ၄၅၃၄၉၂ ၏သက်သေအထောက်အထားများကို ပုဂ္ဂလိက ၀က်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြခဲ့သော်လည်း အဆိုပါလုပ်ဆောင်ချက်သည် Yahoo ကုမ္ပဏီကို ခြိမ်းခြောက်မှုတစ်ခုမဟုတ်ကြောင်းနှင့် သတိပေးလုပ် ရပ်တစ်ခုဖြစ်ကြောင်း ပြောကြား  ခဲ့ပါသည်။  Yahoo ကုမ္ပဏီ၏ဆာဗာများအနေဖြင့် အားနည်းချက်များစွာရှိနေကြောင်း၊ ၄င်းတို့၏အကောင့်ထုတ်ဖော်မှုများထက် ဆိုးရွားသော ပြသာ နာရှိလာနိုင်ကြောင်းနှင့် ၄င်းကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားရန် အဆိုပါဟက်ကာအဖွဲ့က ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment