ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ဒဏ်ခတ်မှု ရုပ်သိမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနုက လွှတ်တော်တွင် ကြားဖြတ် တင်သွင်းခဲ့သော “မြန်မာနိုင်ငံအပေါ် အမေရိကန်ချမှတ်ထားသည့် ပိတ်ဆို့ အရေးယူမှုအား အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆိုကို ဆွေးနွေးရန်
အတည်ပြုလိုက်သည်။ ပြည်သူလူတစ်ရပ်လုံးကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံများတွင် ရေပန်းစားနေသူ နိုလ်ဘယ်ဆုရှင် ဖြစ်သောကြောင့် ယခုကဲ့သို့ ပိတ်ဆို့မှုကို ဦးဆောင်ဖယ်ရှားပေးစေလိုကြသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းပိတ်ဆို့မှုများကို လုံးဝရုတ်သိမ်းပေးရန် ဦးဆောင်၍ ပြတ်ပြတ်သားသား တောင်းဆိုမှုများ မပြုလုပ်သေးသည်ကိုလည်း တွေ့ရသည်။ ယခင်က နိုင်ငံရေးလမ်းကြောင်းသည် မည်သို့ပင်ဖြစ်စေ ယခုအခါတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောထားကြီးစွားနှင့် တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေးကိုရှေ့ရှုကာ စီးပွားရေးပိတ်ဆို့မှု အမြန်ဖယ်ရှားရေးအတွက် ရှေ့ဆုံးမှ ဦဆောင့်သင့်သည်ဟု ထင်ပါသည်။ ယင်းနေ့လွှတ်တော်အစည်းအဝေး အပြီးတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖိတ်ခေါ်ခဲ့သဖြင့် ယင်းအဆိုနှင့် ပတ်သက်၍ သဘောထား မေးမြန်းခြင်း ဖြစ်နိုင်သည်ဟု ယူဆသည်။
အတိုက်အခံများက ၄င်းကိစ္စသည် အစိုးရပါတီ အနေဖြင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို “ကျုံးသွင်းခြင်း”ဟု ယူဆစေကာမူ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ခံပေးသင့်သောအချက် ဖြစ်သည်။ အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်မှုသည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင် ပြောင်းလဲရေးကို အခိုင်အမာ ထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့၍များစွားပါဝင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဇူလိုင် ၁၆ ရက်နေ့ညက အမေရိကန် အထက်လွှတ်တော် အမတ် မစ်ခ်ျ မက္ကောနယ်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ သက်တမ်း ၃ နှစ် ထပ်မံတိုးရန် ရှိနေသည့် Burma Freedom and Democracy Act-2003 (BFDA)ကို ဆွေးနွေးကြောင်းနှင့် မြန်မာ– အမေရိကန် ချစ်ကြည်ရေး ဆက်လက် တိုးတက်လာစေရေး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့် လာစေရေး၊ လူထုဘ၀များ ပိုမိုကောင်းမွန် တိုးတက်လာစေရေးတို့ကို အခြေခံပြီး ဆွေးနွေးကြကြောင်း သိရသည်။ ထိုသို့ဆွေးနွေးမှုများနှင့် နောင်တွေ့ဆုံဆွေးနွေးမှုများတင်လည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆိုမှုကို လုံးဝရပ်ဆိုင်သွားအောင် ပြတ်ပြတ်သားသား တောင်းဆိုသွားသင့်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အကြားတွင့် ပြည်သူများ နားမလည်းနိုင်သော သဘောထားမတူညီမှုများ ရှိနိုင်သော်လည်း စီးပွားရေးပိတ်ဆို့မှုလုံးဝ ရပ်စဲသွားပါက သန်းပေါင်း ၆၀ ကျော်သော ပြည်သူများဘ၀ တိုးတက်ကာ သာယာလှပလာမည် ဖြစ်ပါသည်။ မကြာမီသွားမည့် အမေရိကန် ခရီးစဉ်တွင်လည်း ဒဏ်ခတ်မှု လျှော့ချရေးကိစ္စ အလေးထား၍ သန်း၆၀ကျော်သော ပြည်သူများအတွက် စေတနာထားကာ ထပ်မံဆွေးနွေးနိုင်မည်ဟု ထင်မြင်မိပါသည်။
ယခုအချိန်တွင် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့်  မြန်မာပြည်တွင် အမေရိကန် သံအမတ်စတင် တာဝန်ထမ်းဆောင် နေပြီဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်များအပြင် အမေရိကန် အခြေစိုက် နိုင်ငံစုံ ကော်ပိုရေးရှင်းများ၏ ကိုယ်စားလှယ်များပါ မြန်မာပြည်သို့ လာရောက် လေ့လာကာ ရင်းနှီးမြှုပ်နှံနိုင်မှု အလားအလာကို ကြည့်ရှုနေကြပြီ ဖြစ်သည်။ အကယ်၍ အမေရိကန် အပါအဝင် အနောက်နိုင်ငံများမှ ကုမ္ပဏီကြီးများ ဝင်လာလျှင် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ အတွေ့အကြုံ၊ အလုပ်အကိုင်သစ်များ ရလာနိုင်သည်ဟု အကြမ်းဖျဉ်းမျှော်လင့်ထား နိုင်သည်။
သို့သော်လည်း ပြည်ပရင်းနှီးမြှုပ်နှံမှုကို ၁၀၀ ရာခိုင်နှုန်းပေးလိုက်ပါက ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်များ၏ ယှဉ်ပြိုင်မှုတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရနိုင် အခွင့်အလမ်းများ ပျောက်ပျက်သွားနိုင်ကြောင်း တွေးမိသည်။
အမေရိကန်အနေဖြင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကဲ့သို့သော နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများတွင် ခြစားမှု တိုက်ဖျက်ရေးနှင့် ပွင့်လင်းမြင်သာမှု ပိုရှိလာစေရေး အတွက် မြန်မာအစိုးရနှင့်အတူ ဆောင်ရွက်သွားရန် စိတ်ပိုင်းဖြတ်ထား ကြောင်းလည်းသိရသည်။ နိုင်ငံတကာ စာချုပ် Extractive Industries Transparency Initiative (EITI)ကို လက်မှတ်ထိုးရန်လည်း အမေရိကန် အစိုးရက တိုက်တွန်းထားသည်။
လက်ရှိအစိုးရကလည်း ပေါ်ပေါက်လာနေသော အပြောင်းအလဲ၏ အကျိုးဆက် စိန်ခေါ်မှုများကို နောက်ပြန်ဆုတ်သွားမည်မဟုတ်ဘဲ ရှေ့တိုးရင်း ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်သောကြောင့် မဖြေရှင်းရသေးသည့် ပြဿနာများကို အမြန်ဆုံး ဖြေရှင်းယူသွားမည် ထင်ပါသည်။ ထို့ကြောင့် အစိုးရနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးသမားအားလုံး ပါတီအားလုံးမှလည်း လက်တွဲပါဝင် ကူညီသင့်သည်။
စိုးရွှေငယ်

No comments:

Post a Comment