ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ပြည်ပဘဏ် လုပ်ငန်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု စနစ်ကို အမြန်ဆုံး ခွင့်ပြုပေး သွားရန်ရှိ


From : MRTV-4 မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ဘဏ်လုပ်ငန်း ကဏ္ဍမှာ ပြည်ပဘဏ် လုပ်ငန်း များနဲ့ ပူးပေါင်း ဆောင်ရွက်
နိုင်မယ့် စနစ် Joint Venture စနစ်ကို အမြန်ဆုံး ခွင့်ပြုပေး သွားနိုင်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတယ်လို့
သိရပါတယ်။ အဲ့ဒီလို ပြည်ပဘဏ် လုပ်ငန်း များနဲ့ ပူးပေါင်း ဆောင်ရွက်မယ့် စနစ် Joint Venture ကို ခွင့်ပြု ပြီးပါက ပြည်တွင်းက ဘဏ်တွေနဲ့ ပြည်ပက ဘဏ်လုပ်ငန်းတွေ ပူးပေါင်းပြီး ဘဏ်လုပ်ငန်းတွေ တိုးချဲ့ ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို Joint Venture စနစ်ကို ခွင့်ပြုလိုက် ပါက ပြည်တွင်းမှာ နိုင်ငံခြား ဘဏ်ရုံးခွဲများ ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ မှာတော့ Joint Venture စနစ် လုပ်ကိုင်ဖို့ အတွက် လျှောက်လွှာတွေ ခေါ်ယူမှု မရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် အခုအခါ ပြည်တွင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက် လာပြီဖြစ်တဲ့ အတွက် Joint Venture စနစ်ကို အမြန်ဆုံး ခွင့်ပြုပေးဖို့ ပြုလုပ် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ နိုင်ငံခြား ဘဏ်ကိုယ်စားလှယ် ရုံးခွဲ ၂၀ ဖွင့်လှစ်ပြီး ဖြစ်ကာ နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲ ဖွင့်လှစ်ဖို့ လာရောက် ဆွေးနွေး လျက်ရှိတဲ့ နိုင်ငံတွေလည်း ၂၀ခန့်ရှိတယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment