ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

ရွှေတိဂုံဘုရား တောင်ဘက်မုခ်တွင် ယခုနှစ် အတွင်း ဓာတ်လှေကား ၂ စင်း ထပ်မံဆောက်လုပ် ပေးသွားရန်ရှိ


From : MRTV4
ရွှေတိဂုံဘုရား တောင်ဘက်မုခ်မှာ ယခုလက်ရှိ ဓာတ်လှေကား ၂ စင်းရှိပြီး နောက်ထပ် ဓာတ်လှေကား ၂ စင်း ကိုလည်း ယခုနှစ် အတွင်း ထပ်မံတိုးချဲ့
ဆောက်လုပ် သွားဖို့ ရှိတယ်လို့ ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဓာတ်လှေကား တိုးချဲ့ ဆောက်လုပ်မှုဟာ ရွှေတိဂုံ စေတီတော်သို့ ဘုရားဖူးသူများ လာရောက်မှု များပြား လာပြီး နိုင်ငံခြားသား ဧည့်များလည်း ပိုမို လာရောက် ဖူးမြှော်ကြ တာကြောင့် အခုလို ဓာတ်လှေကား ၂ စင်း တိုးချဲ့ ဆောက်လုပ်တာ ဖြစ်ပါတယ်။

အဆိုပါ ဓာတ်လှေကား ၂ စင်း ဆောက်လုပ်ဖို့ အတွက် ကိုတော့ လက်ရှိမှာ ဒီဇိုင်းပုံစံ ရေးဆွဲနေပြီး ဓာတ်လှေကား ဆောက်လုပ်ဖို့ အတွက် လိုအပ်တဲ့ ပစ္စည်းများကို လာမယ့် လမှာ အိတ်ဖွင့် တင်ဒါခေါ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ ဓာတ်လှေကား ၂ စင်း ဆောက်လုပ်မှု ကိုတော့ ပြည်သူများ လှူဒါန်း ထားတဲ့ အလှူငွေများနဲ့ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။ ယခု လက်ရှိ ရွှေတိဂုံ စေတီတော် တောင်ဘက်မုခ်မှာ အသုံးပြုနေတဲ့ ဓာတ်လှေကား ၂ စင်းဟာ ၁ စင်းကို ၂၀ ဦးဆံ့ပြီး ထပ်မံ ဆောက်လုပ် သွားမယ့် ဓာတ်လှေကားသစ် ၂ စင်း ဟာလည်း ၁ စင်းကို ၂၀ ဦးခန့် စီးနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment