ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

နာရေးကူညီမှုအသင်း အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်မည်





အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကူညီရှာဖွေရေး လုပ်ငန်းတွေကို ဇွန်လလယ်ပိုင်းကစပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)က စတင်ဆောင်ရွက်ပေးနေပြီလို့ သိရပါတယ်။ “ဒီအသက်ကယ်လုပ်ငန်းတွေအတွက် ၀န်ထမ်း ၄၀ ကို ကြက်ခြေနီသင်တန်း ပေးထားတယ်” လို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အရေးပေါ် အသက်ကယ်ဆယ်ရေးနဲ့ ကူညီရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းဆိုတာက သဘာဝဘေးအန္တရာယ်တွေ၊ ယာဉ်တိုက်မှုတွေနဲ့ မီးလောင်မှုတွေ ကြုံတွေ့ရတဲ့အခါ အသက်ဆုံးရှုံးမှုတွေ ဖြစ်မလာစေဖို့အတွက် အသက်ကယ်ဆယ်ရေးနဲ့ ကူညီရှာဖွေ ကယ်ဆယ်ရေးတွေကို ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ “အန္တရာယ်တစ်ခုခု ကြုံလာလို့ အသင်းရုံးကို ဖုန်းဆက်လိုက်တာနဲ့ အမြန်ဆုံး သွားရောက်ကူညီပေးမှာပါ” လို့ ၄င်းကဆက်လက် ပြောကြားပါတယ်။ အသက်ကယ်ဆယ်ရေးနဲ့ ကူညီရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်မီ အမြန်ဆုံး ပြုလုပ်ပေးဖို့အတွက် နေ့စဉ်တာဝန်ကျ ကြက်ခြေနီလေးဦးက အသင်းချုပ်ရုံးမှာ အဆင်သင့် ရှိနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကူညီကယ်ဆယ်ရေးအတွက် အရေးပေါ် လူနာတင်ယာဉ် နှစ်စီးကိုလည်း စီစဉ်ထားတယ်လို့ သိရပါတယ်။ အဆိုပါ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် ဆက်သွယ်လိုပါက နာရေးကူညီမှုအသင်း(ရန်ကုန်) ဖုန်း ၀၁-၅၈၀၁၃၃၊ ၅၈၁၃၆၃ တို့ကို ဆက်သွယ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment