
From : MRTV-4နိုင်ငံတော် အဆင့် တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီးကို ယခုအစိုးရ လက်ထက် အတွင်း ၂၀၁၅ ခုနှစ် မတိုင်မီ နေပြည်တော်မှာ ပြုလုပ် သွားမှာ
ဖြစ်တယ်လို့ ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းက ပြောကြား ခဲ့ပါတယ်။ ဒီလို ပြောကြား ရာမှာလည်း မိမိတို့ အစိုးရဟာ ၂၀၁၅ ခုနှစ်အထိ
တာဝန်ယူ ပေးထားတာ ဖြစ်ပြီး ဒီအတွက် နောက် ၂၀၁၅ ခုနှစ် နောက်ပိုင်း မတိုင်ခင်မှာ ကြိုးစား ပြီးတော့ ဖြစ်အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ကြောင်း၊ လက်ရှိ မှာတော့ အခုလို အစည်းအဝေးကြီး ကျင်းပဖို့ကို ဘယ်တော့ ကျင်းပမလဲ ဆိုတာ မပြောနိုင် သေးပေမယ့် ပူးပေါင်း ဆောင်ရွက်တာ မြန်မယ် ဆိုရင် မြန်မြန် ရောက်မှာဖြစ်ပြီး နောက်ကျဆုံး အချိန်ဟာ ၂၀၁၅ ခုနှစ် မတိုင်မီ လုပ်သွားမှာ ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။
အဆိုပါ တိုင်းရင်းသား ပေါင်းစုံ ပါဝင်တဲ့ အစည်းအဝေးကြီးဟာ လူမျိုးပေါင်း ၁၃၅ မျိုးရှိတဲ့ တိုင်းရင်းသား တွေအားလုံး ပါဝင်တဲ့ အစည်းအဝေးကြီး ဖြစ်ပြီး အဲ့ဒီ အစည်းအဝေး မှာတော့ နိုင်ငံရေးပါတီတွေ၊ NGO အဖွဲ့အစည်းတွေ အစရှိတာတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
No comments:
Post a Comment