ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲရန်ဖိတ်ခေါ်




 
   ရထားပို့ဆောင်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးအောက်ရှိ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများနှင့် အကျိုးတူပူးပေါင်းကာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲလုပ်ကိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးမှ သိရသည်။ အဆိုပါ အစီအစဉ်အရ ကုန်းလမ်းပို့ဆောင်ရေး လုပ်ငန်းများ ဖြစ်သည့် ခရီးသည်ပို့ဆောင်ခြင်း၊ ကုန်စည်ပို့ဆောင်ခြင်း၊ တက္ကစီပြေးဆွဲခြင်း၊ မော်တော်ယာဉ် ပြင်ဆင်ခြင်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း သိရသည်။ ရင်းနှီးမြှုပ်နှံလိုသူများ အနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအနေဖြင့် ဖြစ်စေ၊ နိုင်ငံသားများ အနေဖြင့် Joint Venture (JV), Built Operate Transfer(BOT) ဖြင့် ဖြစ်စေ လုပ်ကိုင်လိုပါကလည်း စိစစ်လက်ခံ စဉ်းစားပေးမည်ဖြစ်ရာ ယခုအချိန်အထိ ဂျပန်နိုင်ငံက အဆိုပါလုပ်ငန်း လုပ်ကိုင်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။ အဆိုပါ လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် ကုန်းလမ်းပို့ဆောင်ရေးမှ ချမှတ်ထားသော စည်းကမ်းချက်များမှာ ပြည်သူလူထုအတွက် အကျိုးရှိပြီး ထိရောက်သည့် ဝန်ဆောင်မှု ပေးနိုင်သောလုပ်ငန်း ဖြစ်ရမည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် မြန်မာနိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး ဦးစားပေးရမည်။ အသုံးပြုသည့် ယာဉ်ပစ္စည်းနှင့် ပတ်သက်၍ MIC မူဝါဒအတိုင်း ဖြစ်ရမည်။ နည်းပညာ လွှဲပြောင်းပေးရမည်။ နိုင်ငံနှင့် ပြည်သူလူထုအတွက် ထိုက်သင့်သည့် အကျိုးအမြတ် ရှိရမည်။ မိမိလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ရမည် စသည့် အချက်များ သတ်မှတ်ထားသည်။ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို အများပိုင်ကုမ္ပဏီအဖြစ် တည်ထောင်ခြင်းဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း တိုးတက်လာမည်ဖြစ်သည်။ ကုမ္ပဏီကားဖြစ်ပါက ငွေကြေးလုံလောက်စွာပေး၍ ယာဉ်လုပ်သားများအား ထိန်းချုပ်သည့် စည်းမျဉ်းစည်းကမ်းများ ရေးဆွဲထားခြင်းဖြင့် ခရီးသည်မှတ်တိုင်များတွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခြင်း၊ သတ်မှတ်ချိန် မရောက်ခြင်းကြောင့် ခရီးသည်များ မှတ်တိုင်တွင် စုပြုံတိုးဝှေ့နေရခြင်းနှင့် မော်တော်ယာဉ် လုမောင်းခြင်းများ ပပျောက်သွားနိုင်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment